Move Forward ပါတီခေါင်းဆောင် ပီတာကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ယာယီရုပ်သိမ်း

Move Forward ပါတီခေါင်းဆောင် ပီတာကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ယာယီရုပ်သိမ်း

ဘန်ကောက်၊ ဇူလိုင် ၁၂

ထိုင်ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ယာယီရုပ်သိမ်းကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံအတွက် ၀န်ကြီးချုပ်သစ် ရွေးချယ်ဖို့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ ပူးတွဲအစည်းအဝေးမတိုင်မီ တစ်ရက်အလိုမှာ အခုဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင် (EC) က Move Forward ပါတီခေါင်းဆောင် ပီတာ ပိုင်ဆိုင်တဲ့ iTV အစုရှယ်ယာကိစ္စနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးပေးဖို့ တောင်ဆိုးပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပီတာကတော့ သူရဲ့ မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ iTV ရှယ်ယာနဲ့ပတ်သတ်ပြီး သက်သေပြဖို့ လုံလောက်တဲ့ အထောက်အထားရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ကော်မရှင်ဟာ သူရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို မလိုက်နာဘူးလို့ Move Forward ပါတီက စွပ်စွဲခဲ့ပါနယ်။ ပီတာအနေနဲ့ သက်သေထင်ရှာစွာ မပြနိုင်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၇ အရ တရားစွဲခံရမှာလည်း ဖြစ်ပါတယ်။

Move Forward ပါတီ မေလအတွင်း ကျင်းပခဲ့ ထိုင်းရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၅၂ နေရာ အနိုင်ရရှိထားသလို ပီတာ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် ဖြူထိုင်းပါတီနဲ့ ညွှန်ပေါင်းဖွဲ့နိုင်ဖို့ သဘောတူထားကြပါတယ်။

Refer, Thai PBS