
နိုဝင်ဘာလ ၂ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးတွေနဲ့ ရမ်း သမ်းပစ်ခတ်နေတယ်လို့ဒေသခံတွေထံမှသိရပါတယ်။
နိုဝင်ဘာလ ၂ရက်နေ့ မနက်၅နာရီဝန်းကျင်အချိန်ကနေစပြီး ကြာအင်းဆိပ်ကြီးမြို့တွင်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကနေ မြို့တွင်းကို၆၀မမ ၊၈၁မမ၊၁၂၀မမတွေနဲ့ မနက်၉နာရီဝန်းကျင်လောက်ထိကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရပ်ကွက် (၁) နဲ့ ရပ်ကွက် (၆)က ဒေသခံပြည် သူတစ်ချို့ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ မြို့ထဲစနေပြီ ၅နာရီလောက်ကတည်းကစနေတာ ခုထိပစ်တုန်းပဲအိမ်မှာတောင်အစလာ စင်တယ်ပြီးတော့ရပ်ကွက်ထဲအလုံကြီးကျတာလေ တစ်အိမ်လုံးသေတယ် ၁ရပ်ကွက်က ၆ရပ်ကွက်ကအရဟံပိုင်းကျောင်းဆရာမတစ်ယောက်နဲ့ သူ့အမေလည်းဒဏ်ရာရထားတယ် လောလောဆယ်တော့စစ်တပ်ကမြို့ထဲကို ၆၀မမ၊၈မမ၊၁၂၀မမတွေနဲ့အများကြီးပဲ ပစ်ထုတ် နေတာ ၅မိနစ်ကိုတစ်လုံးပဲ”လို့ သူကပြောပါတယ်။
တိုက်ပွဲမဖြစ်ပွားခင် နိုဝင်ဘာလ ည၇နာရီလောက်ကတည်းကစစ်ကောင်စီတပ်ရဲ့ ခမရ ၂၈၄ ကနေ လက်နက်ကြီတွေနဲ့ရောလက်နက်ငယ်တွေနဲ့ပါ ည ၉နာရီ၄၅မိနစ်လောက်ထိကို ပစ်ခတ်နေကာ အနီးအနားကျေးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိပေမဲ့ ထိခိုက်သေဆုံးတာတွေရှိမရှိကိုတော့မသိရဘူလို့ သူကဆက်ပြောပါတယ်။
“တောက်လျှောက်၇နာရီ၈နာရိဝန်းကျင်လောက်ကတည်းက စပစ်နေတာ၉နာရီ၄၀လောက် မှာတော့အသံငြိမ်သွားတယ် စကစကရမ်းသမ်းပစ်နေတာပေါ့ ခမရ၂၈၄ကနေပစ်တာလက်နက် ငယ်တွေလည်းမျိုးစုံပဲ (၈၁) မမ၊ (၁၂၀)မမ၊စက်သေနတ် တွေ ရွာအနီးအနားက ရွာသားတွေကိုတော့ စိုးရိမ်ရတာပေါ့” လို့ သူကနိုဝင်ဘာလ ၁ရက်နေ့ညကပြောပါတယ်။
စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ ကြာအင်းဆိပ်ကြီးမြို့ထဲကို လက်နက်ကြီးနဲ့ ရမ်သမ်းပစ်ခတ်နေတာကြောင့် မြို့တွင်းကရပ်ကွက်တွေတော်တော်များများမှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲနေပြီးဒေသခံတွေမှာလည်းကျင်ပုန်းတွေထဲမှာနေထိုင်နေကြရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“တိုက်ပွဲဖြစ်နေတာကတော့အကြီးအကျယ်ပဲ အစ်မတို့အိမ်နားမှာဆို အလုံးကြီးတွေ အများကြီးပဲကျတာ အခုအကုန်လုံးက ကျင်းပုန်းတွေထဲမှာနေနေရတယ်ဆိပ်ကြီးမှာက ညကတည်းကလက်နက်ကြီးနဲ့ ပစ်နေတာ”လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီမြို့တွင်း အခုလိုတိုက်ပွဲတွေမဖြစ်ပွားခင် ကြာအင်းဆိပ်ကြီး မြို့နယ်ထဲ ကကျေးရွာအတော်တော်များများမှာ အောက်တိုဘာလကတည်းက တိုက်ပွဲတွေမကြာခဏဖြစ် ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ရက်နေ့နဲ့ ၂၇ရက်နေ့တုန်ကလည်းစစ်ကောင်စီတပ်ရဲ့ ခလရ၃၂တပ်ရင်းနဲ့ ခလရ၂၈၄တပ်ရင်းတို့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ရဲ့ အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာစက်တင်ဘာလနဲ့ အောက်တိုဘာလနဲ့ အခုနိုဝင်ဘာလအစထိကို ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှအပ ကျန်မြို့နယ်၅ခုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊စစ်ကောင်စီစစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာတွေ နေ့တိုင်းနီးပါဆက်ရှိနေတာလည်းဖြစ်ပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)