[videopress UaHQYxNB]
ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ ပြည်-ရန်ကုန်ဆက်သွယ်ထားတဲ့ စစ်ဘက်ဆိုင်ရာသုံး ကေဘယ်ကြိုးအဖြတ်ခံရလို့လာပြင်တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပျောက်ကျားတပ်ဖွဲ့- အုတ်ဖိုရဲ့ ရဲဘော်ကိုအောင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေးကေဘယ်ကြိုးကို ဧပြီလ ၁ ရက်နေ့ ည ၁၁ နာရီခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုက ဖြတ်တောက်ခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့မှာတော့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ပျက်ဆီးသွားတဲ့ ကေဘယ်ကြိုးကို စစ်ကောင်စီတပ်ေတွက မတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ လာရောက်ပြင်ဆင်ချိန် မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပျောက်ကျားတပ်ဖွဲ့- အုတ်ဖိုရဲ့ ရဲဘော်ကိုအောင်က ပြောပါတယ်။
“ လဲကုန်တာမြင်တာဗျ အထမ်းနဲ့သယ်သွားတယ်လို့ ဒီဖြစ်စဉ်ကို မြင်တဲ့ဒေသခံတွေက ပြောတယ်ဗျ ၁၁ ကောင်တဲ့ အတိအကျဘဲဗျ ” လို့ သူကဆိုပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဟာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရလူနာတွေကို ခမရ ၆ တိမ်မြုတ်တပ်ဘက်ကို လူနာတင်ကား ၃ စီးနဲ့ သယ်ဆောင်သွားတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင်ထန်းပင်ကုန်းရွာ နဲ့ ကြယ်နီကုန်းကျေးရွာ ကြားက ဗိုလ်ရုံစုဂိတ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက ဝင်းသရက်ကျေးရွာဘက်ကို ဒီနေ့ မနက် ၁၀ နာရီေလာက်မှာ ၁၂၀ မမ နဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။
“ တစ်သက်နဲ့တစ်ကိုယ် တခါမှမမြင်ဖူးဘူးတဲ့ ကျည်ဖူးက အကြီးကြီးပဲ ရွာထဲကိုထုတာမပေါက်ဖူးလို့လဲသိရတယ်” လို့ သူကဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ထန်းပင်ကုန်းကျေးရွာက ဒေသခံတွေကို အိမ်မှာမနေဘဲ ထွက်ပြေးတိမ်းရှောင်ရင် အိမ်တွေကိုချိတ်ပိတ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၇ ရက်နေ့ကလည်း အုတ်ဖိုမြို့ ထန်းပင်ကုန်းကျေးရွာနဲ့ ကြယ်နီကုန်းကျေးရွာကြားက ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ အုတ်ဖို ဘီလူးစစ်ကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – Naw Drizzle
Video – CJ