
အော်တိုဘာလ၂၃ရက်၊ ၂၀၂၃ခုနှစ်
ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ဧကနှစ်ရာကျွန်းစိုက်ခင်းအနီး စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ ရဲ့ထုတ်ပြန်ချက်အရသိ ရပါတယ်။
အောက်တိုဘာလ ၂၂ရက်နေ့ မနက် ၉နာရီ ၃၀ ဝန်းကျင်အချိန်မှာ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ကအင်းအား၂၀ပါရှိပြီးဒေသခံ၆ဦးကိုပါဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို နယ်မြေခံ တော်လှန်ရေးအင်အားစုက ကင်းလှည့်နေရင်းတွေ့ရှိခဲ့တာကြောင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေကပြောပါတယ်။
“မနေ့မနက်၉နာရီခွဲလောက်မှာ စခ၂၀ပါတဲ့ စစ်ကြောင်းက ပြည်သူအမျိုးသား၆ ဦးကို ကြိုးတုပ် ပြီးဖမ်းလာတာကို ပတ်ကွေ့ကြီးအဆင်းနားက ဧကနှစ်ရာကျွန်းစိုက်ခင်းထဲမှာ ကျွန်တော်တို့အဖွဲ့က ကင်းလှည့်ရင်း မြင်လို့ကြိုတိုက်ခိုက်တာပါ စခအုပ်ကို ကျွန်တော်တို့ကလက်ဦးမှုရလို့ အရင်ဝိုင်းပစ် တာသူတို့ဘက်ကရှေ့ဆုံးကစစ်ခွေးကို မှန်သွားတာအရုပ်ကြိုးပြတ်လဲသွားတယ် စကစဘက်ကို ကျွန်တော်တို့ဘက်ကဝိုင်းပစ်တော့ သူတို့ဦးတည့်ရာပြေးကြတာ ဖမ်းခံရသူတွေလည်းပြန်လွတ်တာ မတွေ့ရဘူး ဖမ်းသွားတဲ့အနေအထားပါ”လို့ သူကပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်ဘက်ကဒဏ်ရာရရှိသူတစ်ဦးကို မင်းလှဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ကြားသိရသလို စစ်ကောင်စီတပ်ဘက်မှ ဖမ်းထားတဲ့ ဒေသခံပြည်သူ၆ဦးကိုလည်း ကြို့ပင်ကောက် ဘက်ကို ခေါ်ဆောင်သွားပြီး မင်းလှမြို့တွင်းမှာလည်း အခုတစ်ပတ်အတွင်း စစ်ဆေးဖမ်းဆီးတာတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုရက်ထဲအဖမ်းအဆီးတွေများနေတယ် အစစ်ဆေးလည်း ကြမ်းတယ်မြို့မရဲစခန်းရှေ့ဆို လမ်းပိတ် ထားတယ်၄လလောက်ရှိပြီ မင်းလှတာဆုံမှာလည်းစစ်တယ်မြို့ထဲပစ်ခတ်တာတော့ မရှိဘူး စကစ၁ ယောက်ဒဏ်ရာရတယ် ပြည်သူ့ဆေးရုံကို ပို့ထာတယ်ကြားဒေသခံတွေဖမ်းခံရတယ် ကြို့ပင်ကောက် ဘက်ကိုဖမ်းသွားတယ်ပြောတယ် ဖမ်းခံရတဲ့သူတွေက ဘာလုပ်လည်း ဘယ်သူတွေလည်းဆိုတာမသိ ရဘူး အဲ့နေရာမှာက တောင်ယာတစ်ချို့ပဲရှိတယ် ခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့တော့ဝေးတယ်”လို့ သူကပြောပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စိီတပ်နဲ့ နယ်မြေခံတော်လှန်းအင်အားစုတို့မှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပြီး အခုလိုတိုက်ပွဲတွေ ဖြစ်ပွားဖြစ်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်မှ အနီးအနားကျေးရွာတွေကိုလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တာ၊ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာ ၊ကျေးရွာထဲကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ပဲခူးတိုင်းပကဖရဲ့ပြောရေးဆိုခွင့်ရှိသူကိုဝေယံကဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့တုန်းကလည်း ပဲခူးရိုးမအတွင်းက မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်လမ်း ဟိုင်းယုလမ်းဆုံးကနေတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီတက်အာဏာသိမ်းပြီးနောက်ပိုင်းပဲခူးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်း တွေ၊ စစ်ဆေးရေးဂိတ်တွေ၊စစ်ကြောင်းတွေမှာ မကြာခဏ ကြားဖြတ်တိုက်ခံနေရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံနေရတာအပြင်စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ သတင်းပေးသူတွေမှာလည်းမကြာခဏရှင်းလင်းခံနေရတယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-cj
Phar Si Than (People’s Radio Myanmar)