သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် လောင်းလုံမြို့နယ်ရှိ ရွာ၆ရွာက လူတွေထွက်ပြေးနေရ

ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၃ခုနစ် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတာကြောင့် လောင်းလုံမြို့နယ်ရှိ ကျေးရွာ၆ရွာကျော်က ပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Comrades of the same blood ရဲ့ တာဝန်ရှိသူက ပြောပါတယ်။…

သတင်း

မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သီလရှင်ဆရာလေး ၁ ပါး ထိခိုက်ဒဏ်ရာရရှိ

  ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အေးဘုရား မြသာလျှောင်ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် သီလရှင်ဆရာလေး တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေခံမှ သိရပါတယ်။ ဇူလိုင်လ…

သတင်း

ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေ

ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ လှိုင်ဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်ရင်းကနေ…

သတင်း

ငြိမ်းချမ်းမြိုင်ကျေးရွာဘက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ပြင်းထန်နေ

ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ငြိမ်းချမ်းမြိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့နယ်မြေခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွေထံမှသိရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၉နာရီ ဝန်းကျင်အချိန်မှစတင်ကာ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ထိကိုငြိမ်းချမ်းမြိုင်ကျေးရွာတစ်လျှောက် လက်နက်ကြီး၊…

သတင်း

“အာဏာသိမ်းပြီးနောက်လုံခြုံမှုမရှိတော့တဲ့အမျိုးသမီးတွေရဲ့ဘဝ”

စစ်တပ်အာဏာသိမ်းဖြစ်စဥ် နှစ်နှစ်ကျော်ကြာမြင့်လာတဲ့အတွက် ရန်ကုန်မြို့တွင်း သွားလာနေထိုင်သူတွေထဲမှာမှ အမျိုးသမီးတွေဟာ လုံခြုံမှုမရှိတော့တဲ့ဘဝတွေကို ရင်ဆိုင်ကြုံတွေ့နေရတာအမှန်ပါ အဲ့ဒီအထဲ မှာ “မေ” လည်းတယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးမငြိမ်မသက်မှုတွေ၊ ပြည်တွင်းစီးပွားရေး ကျဆင်းလာတဲ့အခြေအနေတွေ နဲ့ အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေကြောင့် အရင်ကထက် ခိုးဆိုးလုယက်တွေ ပိုများလာတယ်လို့…

သတင်း

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကျောင်းရွာကျေးရွာက နေအိမ်တစ်လုံး ပျက်စီး

ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ ဇူလိုင်လ ၁၃ရက်နေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောင်းရွာကျေးရွာရှိ ရဲစခန်းကုန်းကို…

သတင်း

ပုလောမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးကို PDFတွေဖမ်းဆီးခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဥပဒေနဲ့အညီအရေးယူဆောင်ရွက်နေ

ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနစ် တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ လက္ကူးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးကို PDFတွေဖမ်းဆီးခဲ့ပြီး ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားတာဝန်ခံဆီကနေ သိရပါတယ်။ ဇူလိုင်လ…

သတင်း

ဝန်ကြီးချုပ်ရာထူးနဲ့ လွဲချော်ခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ

ဝန်ကြီးချုပ်ရာထူးနဲ့ လွဲချော်ခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ ဘန်ကောက်၊ ဇူလိုင် ၁၃ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာဟာ ဒီကနေ့ ပြုလုပ်တဲ့ မဲခွဲရွေးချာ်မှုမှာ ရှုံးနိမ့်သွားပါတယ်။…

သတင်း

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ နေ့တိုင်းနီးပါးဖြစ်ပေါ်နေ

ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်းလောက်ကစပြီး…

သတင်း

ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံ ၁၆၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။ ဇူလိုင်လ…