မြန်မာ

ကျိုက်ထိုမြို့နယ်က စစ်တပ်သတင်းပေးသူတစ်ဦး ပစ်ခတ်ရှင်းလင်ခံရ

ဧပြီလ ၂ ရက် ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ကော့စနိုင်ရပ်ကွက်နေ စစ်ကောင်စီတပ်သတင်းပေးသူတစ်ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)မှ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ ဧပြီလ ၁ရက်နေ့ ညနေ ၄နာရီဝန်းကျင်အချိန်မှာစစ်တပ်သတင်းပေးသူ ဦးမြအေးကို ကော့စံနိုင်ရပ်ကွက်ရှိ နေအိမ်မှာပဲသွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ KRF…

မြန်မာ

ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ စစ်ရှောင်ပြည်သူတွေ မြို့ထဲ ပြန်လည်ဝင်ရောက်နေထိုင်

ဧပြီလ ၂ရက် ၂၀၂၄ ခုနှစ်   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့ စစ်ရှောင်ပြည်သူတွေဟာ မြို့ထဲမှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကော့ကရိတ်မြို့မှာ…

မြန်မာ

ရေး− ထားဝယ်အမှတ် ၈ပြည်ထောင်စုလမ်းမကြီးကို အသွားအလာ မပြုလုပ်ဖို့တော်လှန်ရေးအင်အားစုထုတ်ပြန်

ဧပြီလ ၁ရက် ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ရေးမြို့တောင်ပိုင်းကနေ တနင်္သာရီတိုင်း သရက်ချောင်းမြို့အထိ ရေး−ထားဝယ်အမှတ်၈ ပြည်ထောင်စုလမ်းမကြီးကို သတ်မှတ်ထားတဲ့အချိန်အတွင်းအသွားအလာမပြုလုပ်ကြဖို့ မွန်ပြည်တော်လှန်ရေးတပ် MSRFမှထုတ်ပြန်ထားပါတယ်။ အခုလိုထုတ်ပြန်ချက်ကို မတ်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ညနေ…

မြန်မာ

ထားဝယ်မှာ အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရလို့ အများအပြားသေဆုံး

[videopress uPPRH7UT] ဧပြီလ ၁ရက်နေ့၊ ၂၀၂၄ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ ဇဟာရွာအခြေစိုက် အမတ(၃၀၂)တပ်ရင်းကို အင်အားဖြည်ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတယ်လို့ ဗထူးတပ်မတော်ဆီကနေ သိရပါတယ်။ မတ်လ ၃၁ရက်နေ့၊ မနက် ၇နာရီခွဲလောက်မှာ အင်အား ၈၀ကျော်ပါတဲ့…

မြန်မာ

ကော့ကရိတ်မြို့မှာ တစ်ရက်ထဲ မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွား

မတ်လ ၃၀ရက် ၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြိုမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင်ရှိ မီးတွေကြောင့် တစ်ရက်တည်းမှာပဲမီးလောင်ကျွမ်းမှု၂ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒေသခံတွေဆီကနေသိရပါတယ်။ ခလရ ၉၇ တပ်ရင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ  ကော့ကရိတ်မြို အမှတ် ၇ ရပ်ကွက်၊ အမှတ်၄ရပ်ကွက်…

မြန်မာ

ကော့ကရိတ်မြို့မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာ၊ မီးလောင်ဗုံးကြဲတာတွေကြောင့် ဒေသခံနေအိမ်တွေ နေ့တိုင်းနီးပါးမီးလောင်

မတ်လ ၂၉ရက် ၂၀၂၄ခုနှစ်   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်တာတွေနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ်တွေ နေ့တိုင်းနီးပါး မီးလောင်ပျက်စီးနေပါတယ်။ ဒီကနေ့ မတ်လ ၂၉ရက် နေ့လည် ၁၁ နာရီကျော်လောက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်…

မြန်မာ

တပ်မတော်နေ့အတွက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၂ဦးသေဆုံးသွား

မတ်လ ၂၈ရက်နေ့၊ ၂၀၂၄ခုနှစ်   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ လမ်းမကြီးကို တပ်မတော်နေ့ အခမ်းအနားအတွက် လမ်းကင်းယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ဝင်‌ေရာက်တိုက်ခိုက်ခံရတယ်လို့ ဗထူးတပ်မတော်ဆီကနေ သိရပါတယ်။ တပ်မတော်နေ့လို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ မတ်လ ၂၇ရက်နေ့၊…

မြန်မာ

ထားဝယ်မြို့အဝင် ကမြောကင်းတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ

[videopress ZoyZUnGg] မတ်လ ၂၈ရက်နေ့၊ ၂၀၂၄ခုနစ်   ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Morden Punks အဖွဲ့ထံမှ သိရပါတယ်။ မတ်လ ၂၈ရက်နေ့၊…

မြန်မာ

စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲတဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့လို့ ဓမ္မသရွာက နေအိမ် ၃၀၀ ကျော်မီးလောင်သွား

မတ်လ၂၈ ရက်၊ ၂၀၂၄ခုနှစ်   မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို စစ်ကောင်စီတပ်ဘက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အပြင်  လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့လို့  ဓမ္မသရွာက နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မတ်လ ၂၇ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်လောက်မှာ အဆိုပါ ကျေးရွာအတွင်းကို…

မြန်မာ

ထားဝယ်ထောင်ကနေ အပြင်ကိုခေါ်ထုတ်သွားတဲ့အကျဉ်းသားနှစ်ဦးထဲက တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မတ်လ ၂၇ရက်နေ့၊ ၂၀၂၄ခုနှစ်   စစ်ကောင်စီတပ်သားတွေက ထားဝယ်ထောင်ထဲကနေ အကျဉ်းသားနှစ်ဦးကို အပြင်ကိုခေါ်ထုတ်စစ်ဆေးနေတဲ့အချိန် အကျဉ်းသားနှစ်ဦးထဲက တစ်ဦးမှာ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ ထားဝယ်အကျဉ်းထောင်ထဲကို မတ်လ ၁၃ရက်နဲ့ ၁၅ရက်နေ့တွေမှာ…