
ဇူလိုင်လ ၁၃ ရက် ၂၀၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောင်ဇေယျစစ်ကြောင်းမှာလည်း ရှေ့ဆက်မတိုးနိုင်ပဲ ရှိနေတယ်လို့ သိရပါတယ်။
ဇူလိုင်လ ဒုတိယအပတ်လောက်ကနေစပြီး ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် နဲ့ KNLA ပူပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည်တပ်ဆုပ်ခွာတာမျိုးမရှိသလို စစ်တပ်ဘက်မှလည်း အထိနာတာမျိုးတွေရှိတယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
“သူတို့ကတော့ ရှေ့ဆက်တိုးနိုင်ဖို့ကြိုးစားနေတယ် တိုက်ပွဲနေ့တိုင်းလည်းရှေ့ရက်တွေမှာဖြစ် တယ်ဆိုတာလည်းမှန်တယ်လက်နက်ကြီးတွေနဲ့လည်းပစ်တယ် ထင်သလောက်တော့ရှေ့မ တိုးနိုင်သေးဘူးပုံမှန်နေမြဲပဲရှိပါသေးတယ်ဒဏ်ရာရလူနာတွေကိုပြန်ပို့တာမျိုးတော့ရှိတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်ကာမြို့တွင်းမှာလည်းလက်နက်ကြီးတွေကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံအများစုမှာလည်း မြို့တွင်းပြန်လည်မနေထိုင်ရဲသေးဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“လမ်းဟောင်းတွေဘက်တော့ အသံသေးတွေကြားနေရတယ်ခဏပဲ အကြီးတော့မပါဘူး အခုကနေရဲတဲ့ သူကနေနေကြာပဲ လက်နက်ကြီး တွေကတော့ရက်ခြားလောက်မြို့ ထဲကျတယ်”လို့ဆိုပါတယ်။
ဇူလိုင်လ ၂ရက်နေ့ကလည်း ကော့ကရိတ်မြို့က အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမှာလည်း လက်နက်ကြီးထိလို့ ပြင်ထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်ကလည်း တော်လှန်ရေးအင်အားစုတွေရှိနိုင်မဲ့ နေရာတွေကို Y-12 လေယာဉ်နဲ့ အမျိုးအစားနဲ့ မကြာခဏလာရောက်ဗုံးကြဲတာတွေကို လည်းပြုလုပ်နေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ဒေသခံ ၃၀ ဦးခန့်သေဆုံးတာ၊ ၅၀ဦးထိခိုက်ဒဏ်ရာရတာ၊ နေအိမ်၆၀၀ခန့်မီးလောင်ပျက်စီးတာ၊ဒေသခံ၂၀၀၀၀ ကျော်စစ်ဘေးရှောင်ရတာတွေအပြင် အခုလက်ရှိအချိန်ထိလည်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတာတွေဆက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်သိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ကော့ကရိတ်မြို့
Phar Si Than(People’s Radio Myanmar)