ဇူလိုင် ၁၂ ရက်၊ ၂၀၂၄ ခုနှစ်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ TNLA ဦးဆောင်တဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ခိုက်မှု အတွင်းနောင်ချို မြို့ က စစ်ကောင်စီ တပ် စခန်းအားလုံးနဲ့ မတ္တရာမြို့နယ်ရှိ မြောက်တံငါကျေးရွာက စစ် တပ်စခန်းကို ဒီကနေ့ဇူလိုင် ၁၂ ရက်မှာအပြီးသတ် သိမ်းပိုက် ထားတာ အပါအဝင် နောင်ချို ၊ မတ္တရာ၊စဉ့်ကူး နယ်မြေထဲက စစ် စခန်း ၃၇ ခုကို သိမ်းပိုက်ရရှိထားကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ တာဝန်ရှိသူ က ပြောပါတယ် ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်းအတွင်း နောင်ချိုမြိုနယ်က စခန်းအားလုံးနဲ့ မတ္တရာမြိုနယ်က စခန်း ၂၅ ခု၊ စဉ့်ကူးမြိုနယ်က စခန်း ၁၁ ခု တို့ကို ဇွန်လ ၂၅ ရက်နေ့ကစပြီး ဇူလိုင် ၁၁ ရက်နေ့အထိ ၁၆ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တာဝန်ရှိသူက People’s Radio Myanmar ကို အခုလို ပြောပါတယ်။
“ ကျွန်တော်တို ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာဆို မတ္တရာမှာ တပ်စခန်း ၂၅ ခု၊ စဉ့်ကူးမှာ တပ်စခန်း ၁၁ ခု နဲ့ နောင်ချိုမြိုနယ်ထဲမှာရှိတဲ့ တပ်စခန်းတွေအားလုံးကိုတော့ သိမ်းပိုက်ရရှိပြီးပြီလို့ ပြောလိုရပါပြီဗျ” လို သူက ပြော ပါတယ်။
အဲ့ဒီလို စစ်ကောင်စီ တပ် စခန်း တွေ တိုက်ခိုက်သိမ်းပိုက်မှုတွေအတွင်း နောင်ချိုမြိုနယ်ရှိ ခမရ(၁၁၄) ၊ ခမရ(၁၁၅) နဲ့ အမတ(၆၀၆) တပ်စခန်းတွေက အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ တပ်က စစ် သုံ့ပန်း ၂၀ ဦးခန့် ကို ဖမ်းဆီးရမိခဲ့တယ်လို သူဆက်ပြောပါတယ်။
“ နောင်ချိုစစ်ဆင်ရေးအတွင်း မှာ ဖမ်းမိတဲ့ သုံပန်းအရေအတွက်က ၂၀ ဝန်းကျင်ဖြစ်ပါတယ် ခင်ဗျ၊ ကျွန်တော်တို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ ပက်သက်ပြီးတော့ စစ်မေးနေတဲ့ အခြေအနေမှာပဲရှိသေးတဲ့အတွက် အသေးစိတ်ကို ထုတ်ပြန်ဖို မရှိသေးပါဘူး” လို သူကဆိုပါတယ်။
ဒါ့အပြင် မတ္တရာမြို့ တောင်ဘက်မှာ အမှတ် ၅ လျှပ်စစ် နှင့်စက်မှုအင်ဂျင်နီယာ တပ်ရင်း နဲ့ အမှတ် ၂ တပ်သားသစ်စုဆောင်းရေးတပ် (စသခ ၂) ၊ မြောက်ဘက် တံငါရွာတောင်၊မြောက်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ် နဲ့ စစ်တပ် စခန်းတွေကို ဇူလိုင် ၈ ရက်ကတည်းက တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မတ္တရာမြို့တောင်ဘက်နယ် မြေ တွေ ကိုသာ စစ်တပ်က ထိန်းချုပ် နိုင်တော့တယ်လို့ မတ္တရာမြို့နယ်က ကျေးရွာဒေသခံတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။
“ ကျွန်တော်တို့ နေရာမှာတော့ ငြိမ် နေသေးတယ်ဆိုပေမယ့် အရမ်းကြီးမပြင်းထန်သေးလို့ နေ ဖြစ်နေတာပေါ့ ဒီနေ့(ဇူလိုင် ၁၁ )တောင် လေယာဉ် နှစ်စီးနဲ့ ဗုံးချတာ တံငါရွာဘက်ကို လူတွေက ရှောင်နေတော့ လူတော့မထိဘူး၊ တောင်ဘက်ပဲ ငြိမ်တော့တယ်” လို့ သူကပြောပါတယ်။
တော်လှန်ရေး ပူး ပေါင်း တပ်ဖွဲ့ဝင်တွေက စဉ့်ကူးမြို့နယ် ရဲ့ တပ်စခန်း ၁၁ ခုကို သိမ်းပိုက် ထားပြီး စဉ့်ကူးမြို့နယ်နဲ့ ထုံးကြီးမြို့နယ်ဘဲ ကျန်တော့တယ်လို့ စဉ့်ကူးမြို့နယ် ဒေသခံတစ်ဦးကလည်း ခုလို ဆက်ပြီး ပြောပါတယ်။
“ စဉ့်ကူးမှာလည်း စခန်း ၁၁ ခုသိမ်းထားတယ်၊ စဉ့်ကူးနဲ့ ထုံးကြီးဘဲ ကျန်တော့တယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ဆင် တိုက်ခိုက်မှု့ အတွင်း မတ္တရာမြိုနယ် အင်ကြင်းမြိုင်တပ်စခန်းကနေ ရရှိတဲ့ လေယာဉ်ပစ် စက်သေနတ် တွေကို လေ့ကျင့်ပြင်ဆင် နေပြီး စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းတွေ က တပ်ဖွဲ့ ဝင်တွေ အမြန်ဆုံး လက်နက်ချအလင်းဝင်ဖိုနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောင်းမွန်စွာ နေထိုင်ခွင့်ပြုသွားမယ်လို ထုတ်ပြန် အသိ ပေးထားပြီး လက်နက်မချပါက ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ် လို တော်လှန်ရေး ပူး ပေါင်း အဖွဲတွေက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ တော့ မတ္တရာမြိုနယ်ရှိ မြောက်တံငါ စစ်တပ်စခန်းက လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့ကာ မတ္တရာမြိုနယ် Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းတွေကို နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် လက်နက်ငယ်(၁၂)လက်ခန့်နှင့် ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ် လို့ နောက်ဆက်တွဲ သတင်း အချက်အလက် တွေ အရ သိရပါတယ်။
ယခု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ် ဖွဲ့ တွေ အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး နောင်ချိုမြိုဟာ စစ်ကောင်စီလုံးဝ ကင်းစင် နယ်မြေဖြစ်ပြီလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ် ဖွဲ့ ဝင် တွေ ရဲ့ ပြောစကား တွေ အရ သိရပါသည်။
သတင်း- Drizzle
ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
ပုံစာညွှန်း- မြောက်တံငါတပ်စခန်းနဲ့ Alhpa (အယ်လ်ဖာ) ဘိလပ်မြေစက်ရုံစခန်းက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများနဲ့ ရန်သူ့အလောင်းများ