
ဇွန်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ မတ်လအထိ သုံးလကြာ တိုက်ပွဲဖြစ်ပွား ပြီးနောက် မြိုခံ တွေ ကို စစ်ကောင်စီက မြေမြုတ် မိုင်း နှင့် စစ်ပွဲ အကြွင်းအကျန် လက်နက်ခဲယမ်း များ မရှင်း လင်းပေးနိုင်သးဘဲ နေရပ်ပြန် နေခိုင်း နေတာ ကြောင့် မြိုခံ တွေ မကြာခဏ မြေမြုတ်မိုင်း ကြောင့် ထိခိုက် ဒဏ်ရာရရှိ မှု တွေ တိုး လာနေပါတယ်။
အခု လတ်တလော ဇွန်လ ၆ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်လောက်က မြကန်သာ ရပ်ကွက် နေ ဒေါ်စိုးစိုးလတ် (၇၁) နှစ် ဟာ စစ် ရှောင် နေရာက နေရပ်ပြန်လာပြီး နှစ်ဘက်တိုက်ပွဲ အတွင်း မီးလာင်ပျက်စီးနေတဲ့ နေအိမ်ဝင်းအတွင်း သန့်ရှင်းရေးလုပ်နေစဉ် မြေမြှုတ်မိုင်းနင်းမိပြီး ခြေထောက် ထိခိုက်ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒိ့ မြေမြုတ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီး မနက်၉ နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံ ဆီဆိုင်မြိုမီးသတ်အဖွဲက ဒဏ်ရာရနေတဲ့ ဒေါ်စိုးစိုးလတ်ကို ခမရ ၄၂၃ နယ်မြေခံတပ်ထဲကို လူနာတင်ကားနဲ့ ပိုဆောင်ပေးခဲ့ပါတယ်။
အဲ့ဒီ့ကနေတစ်ဆင့် မွန်းတည့် ၁၂ နာရီခန့်မှာ တောင်ကြီး အမှတ် (၂) စစ်မြေပြင်ဆေးတပ်ရင်း ကိုပိုဆောင်ပြီး ဒူးအောက်ပိုင်းပြတ်ထွက် ဒဏ်ရာရနေတဲ့ ညာခြေထောက်ကို အရေးပေါ်ဖြတ်တောက်ခဲ့ရတယ်လို ဒေါ်စိုးစိုးလတ်ရဲ့ အမျိုးသား ဖြစ်သူက People’s Radio Myanmar ကိုပြောပါတယ်။
“ အိမ်က မီးရှို့ခံထားရတာလေ အဲ့တော့ သန့်ရှင်းရေးလုပ်ကြတာပေါ့ အဲ့အချိန် တက်နင်းမိပြီး ခုလိုတွေဖြစ်ကုန်တာ ဒီက မီးသတ်နဲ့ နယ်မြေခံတပ်ကပဲ ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပြီး ဆေးရုံကို ပိုပေးတယ်” လို သူကပြောပါတယ်။
ဒေါ်စိုစိုးလတ်ရဲ့ ဒဏ်ရာဟာ ပြင်းထန်တာကြောင့် တောင်ကြီး ဆေးရုံကနေတစ်ဆင့် အောင်ပန်း ကုတင် ၇၀၀ ဆေးရုံကို ညနေ ၄ နာရီမှာ လွှပြောင်းပေးခဲ့ကာ ကျန်ဘယ်ခြေထောက်ကို ထပ်မံ ဖြတ်တောက်ခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို အမျိုးသားဖြစ်သူက ဆက်ပြောပါတယ်။
“ သွေးခုန်နှုန်းကလည်း ကျနေတာ ခုတော့ညိမ်ပေမယ့် အသက်ဘေးက ငါးဆယ် – ငါးဆယ် ပါပဲ နင်းမိတဲ့မိုင်းကလည်း တော်တော်ကြီးတယ်လေ” လို ဆိုပါတယ်။
လက်ရှိ မိုင်းအန္တရာယ်နဲ့ ပက်သက်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေက မြင်သာထင်သာရှိလို ရှောင်ရှားလိုရသလို သက်ဆိုင်ရာကို အကြောင်းကြားပြီး ရှင်းလင်းဖို အကူအညီတောင်းလိုရပေမယ့် မြေမြှုတ်မိုင်းတွေက မမြင်နိုင်တဲ့အတွက် ခုလို ခနခန ပေါက်ကွဲထိခိုက်ဒဏ်ရာရနေကြတာလို ဆီဆိုင်မြိုခံ မြိုမိမြိုဖ တစ်ဦးကလည်း People’s Radio Myanmar ကိုပြောပါတယ်။
“ ခုကမြေမြှုတ်မိုင်းဖြစ်နေတော့ ရှောင်ရှားဖိုမလွယ်ဘူး အပေါ်ယံမှာ မြက်ခြောက်တိုမြေကြီးတို ပါးပါး ဖုံးထားတာ၊ သာမာန်အချိန်ဆိုရင် မြေမြှုတ်မိုင်းရှိတဲ့နေရာက တူးဆွထားတဲ့ ပုံသဏ္ဍန်မျိုးရှိနေမယ်။ သစ်ကိုင်းခြောက်၊ မြက်ခြောက်၊ သစ်ရွက်စိုတစ်ခုခု ကမသင်္ကာစရာဖြစ်နေရင် အဲ့နေရာတွေကို သတိထားသွားရမယ်။ ခုက မိုးက နေ့တိုင်းရွာနေတော့ အဲ့ သင်္ကေတတွေ တွေ့ရမှာ မဟုတ်တော့ဘူး ၊အဲ့တော့ အန္တရာယ်များတယ်” လို သူကဆိုပါတယ်။
စစ်ကောင်စီတပ်က မေလ ၁ ရက်နေ့က စပြီး ဆီဆိုင်မြိုခံ တွေ ကို နေရပ်ပြန်လာ နေခိုင်း နေပေမယ့် စစ်တပ်နဲ့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တိုတိုက်ပွဲ ပြီးချိန် အတွင်း မပေါက်ကွဲ သေးဘဲ ကြွင်းကျန် နေသည့် စစ်လက်နက်ပစ္စည်းနှင့် မြေမြုတ် မိုင်း များ ကို ရှင်းလင်း ပေး ခြင်း မရှိတာကြောင့် မေ လ ကနေ ဇွန်လအတွင်း ဆီဆိုင်မြိုနဲ့ အနီးအနားကကျေးရွာတွေမှာ မြေမြှုတ်မိုင်းနင်းမိသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦး အထိ ရှိလာပြီဖြစ် ကြောင်း သိရပါတယ်။
သတင်း- Naw Drizzle
ပုံ- ပေးပို့
ပုံစာညွှန်း- ဒဏ်ရာရရှိသူ ဒေါ်စိုးစိုးလတ်