
ဇွန်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲကင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ- အုတ်ဖိုက တိုက်ခိုက်ခဲ့တာနဲ့ ပက်သက်ပြီး ရဲကင်းအနီးအနားက ကွမ်းယာဆိုင်၊ ကုန်စုံဆိုင် တွေ က နေထိုင်သူ တွေ အပါအဝင် ဒေသခံ( ၁၅ )ယောက်ကို ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဝိုင်းရဲကင်းထဲကို ဖမ်းခေါ်သွား ပြီး ညှင်းပန်နှိပ်စက် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ ဖမ်းဆီးခံရမှုမှာ ဝိုင်းကျေးရွာသား ကိုကုလားလေး အပါအဝင် အမျိုးသမီး( ၃ )ဦးနဲ့ ဒေသခံ ရွာသားတွေ ကို စစ်သားအင်အား (၂၀) လောက်က သေနတ်တွေ နဲ့ ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို အဲဒီ့ အခြေ အနေကို သိတဲ့ ဝိုင်းကျေးရွာ ဒေသခံတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။
“ ကိုကုလားလေးရဲ့မျက်လုံးကို ထိုးနှက်ထားတာ နှစ်ဖက်လုံးသွေးတွေ စီးကျနေတယ် မျက်လုံးမဖွင့်နိုင်ဘူး လာဖမ်းတုန်းကလဲ သေနတ်ဒင်တွေနဲ့ထုရိုက်ပြီး ဖမ်းတာ တကယ်က သူနဲ့မဆိုင်ပါဘူး သူက သူ့ဘာသူနေတဲ့သူပါ” လို သူက ပြောပါတယ်။
ကိုကုလားလေးရဲ့ ဇနီး ဖြစ်သူဟာ ကျန်းမာရေးမကောင်းတာကြောင့် အပြင်အလုပ်တွေ လုပ်လိုမရတဲ့အတွက် ဇနီးကို ပြုစုရင်း အိမ်မှာပဲ အသုပ်ဆိုင်ဖွင့်ထားပြီး သားသမီး (၃) ဦးရှိကာ တစ်ဦးဟာ လူမမည် (၆ )နှစ်သားအရွယ် ပဲ ရှိသေးတယ်လို ဝိုင်းကျေးရွာ ဒေသခံက ဆက်ပြီး ပြောပါတယ်။
ရဲကင်းတိုက်ခိုက်ခံရတဲ့နေ့က တော်လှန်ရေးရဲဘော်တွေဟာ ကိုကုလားလေး အိမ်နားက ဖြတ်သွားတာကြောင့် ကိုကုလားလေး က ရဲဘော်တွေ ကို မမြင်လို ဆိုတဲ့ အကြောင်းပြချက်နဲ့ မျက်စိတွေကို ထိုးနှက် နှိပ်စက်တာဖြစ်တယ်လို ဖမ်းဆီး နှိပ်စက် နေ တဲ့ စစ်တပ် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ မိုင်းခွဲ တဲ့ နေရာကို ရောက်ဖို သူ့အိမ်ရှေ့ကနေ PDF တွေက ဖြတ်သွားရတယ် ၊အဲ့တော့ သူ့ကို မင်းမြင်လား မေးတာပေါ့ ၊သူကလဲ ဈေးရောင်းနေတဲ့သူဆိုတော့ လူအများနဲ့ဆိုတော့ သတိမထားမိဘူး အဲ့တော့ မမြင်ဘူး ဖြေတာပေါ့ ၊မမြင်ရကောင်းလား ဆိုပြီး မျက်စိကို ထိုးဖောက်တယ် နောက်တစ်ခါ ရဲကင်းကလူတွေက(စစ်သားတွေ) အသုပ်စားတာ တစ်ထောင်တောင်းလို တောင်းရမလား ဆိုပြီး ဒီလူတွေကိုရော မင်းက ဘယ်သူတွေလဲဆိုတာ မမြင်လိုတောင်းတာလား ဆိုပြီး နောက်မျက်စိတစ်ဖက်ကိုပါ ထပ်ထိုးတာပေါ့ သွေးတွေကျနေတယ် မျက်စိကနေ” လိုသူကပြောပါတယ်။
အခုလို ကျေးရွာဒေသခံတွေ ဖမ်းဆီး နှိပ်စက် ခံရတာနဲ့ ပက်သက်ပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ- အုတ်ဖိုက တာဝန်ရှိသူ ကိုအောင်ဇေယျက People’s Radio Myanmar ကို ခုလို ပြောပါတယ်။
“ မဆိုင်တဲ့လူတွေကိုငွေညှစ် ဖမ်းဆီး ရိုက်နှက် နှိပ်စက် နေတာရပ်တန်းကရပ်ပါလိုပဲပြောချင်ပါတယ် ခုဟာက ဘယ်သူလုပ်တာလဲ သိနေတာကို မဆိုင်တဲ့လူတွေကို လျှောက်ဖမ်း နှိပ်စက်နေတာ” လို သူကပြောပါတယ်။
လတ်တလောမှာ ဖမ်းဆီးခံရသူ (၁၅) ဦး ထဲက အချိုကို စစ်ဆေးမေးမြန်းပြီး ဇွန်လ ၅ ရက်နေ့က ပြန်လွှတ်ခဲ့ပေမယ့် ကိုကုလားလေးနဲ့ အမျိုးသမီးသုံးယောက်အပါအဝင် နောက်ထပ် ဒေသခံ( ၅ )ဦးကို ယနေ့ (ဇွန်လ ၇ ရက်)ထိ ပြန်လွှတ်မပေးဘဲ ဝိုင်းကျေးရွာ ရဲကင်းထဲမှာ ဖမ်းထားဆဲဖြစ်ပြီး အဲဒီ့ရဲကင်းမှာ တပ်စွဲ ထားတဲ့ စစ်တပ်က မဆိုင်တဲ့ ဒေသခံ တွေ ကို မကြာခန မသင်္ကာ မှု နဲ့ ဖမ်းဆီးနှိပ်စက် ငွေညှစ် လေ့ရှိတယ်လို အမည်မဖော်လိုတဲ့ ဒေသခံ တွေ ရဲ့ ပြောစကား အရ သိရပါတယ်။
အဲ့ဒီ ရဲကင်း က စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကလည်း အမည်မသိ အမျိုးသားတစ်ဦး ကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ သလို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကလည်း အုတ်ဖိုမြိုနယ် ကမ်းနီကျေးရွာက တောင်ယာလုပ်ကိုင်တဲ့ အသက်နှစ်ဆယ်ကျော် လင်မယား ၂ယောက်ကို ထပ်မံ နှိပ်စက် သတ်ဖြတ် ပြီး ရုပ် အလောင်း တွေကို ဝိုင်းကျေးရွာအစပ်မှာ စွန့်ပစ် ထားခဲ့ တယ်လိုh ဒေသခံတွေဆီက သိရပါတယ်။
သတင်း- Naw Drizzle
ပုံ- Google Earth
ပုံစာညွှန်း- ဝိုင်းကျေးရွာဒေသခံတွေကိုဖမ်းဆီးနှိပ်စက်နေတဲ့ ဝိုင်းရဲကင်းတည်ရှိရာ ဝိုင်းကျေးရွာ