
ဇွန်လ ၁၀ ရက် ၂၀၂၄
ကရင်ပြည်နယ်၊မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကျဆင်းသွားပေမဲ့လည်း မြဝတီမြို့ပေါ်ရှိမြေနိမ်ပိုင်းနေရာတွေမှာတော့ မိုးရေတွေတင်ကျန်နေတာကြောင့် ရေဆက်လက်နစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်းအချိန်မှာတော့ သောင်းရင်းမြစ်ရေမှာပြန်လည် ကျဆင်းသွား ပေမဲ့ မြစ်အနီးနေထိုင်သူတချို့ ၊အမှတ်(၄) ရပ်ကွက်နဲ့ အာရှလမ်း မဘေးနေရာတွေမှာတော့ မိုးရေးတွေတင်ကျန်နေတာကြောင့် ရေဆက်လက် နစ်မြုပ်နေသလို အခုလိုဖြစ်ပေါ်နေတာဟာ ရေနုတ်မြောင်းတွေပိတ်ဆို့ နေတာကြောင့် ဖြစ်တယ်လို့ အမှတ်(၄) ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။
“ချောင်းရေကတော့ကျသွားပြီ မနေ့က ၁၄ဂိတ်ကမ်းကူးဖို့ကားတချို့ရေမြုပ်တယ် မြစ်အနီးအနိမ့်ပိုင်းကလူတွေပြောင်းရတယ်ဒီနေ့လည်း အထက ၁ မှာအငယ်တန်းတွေကိုကျောင်းနားမှာမိုးရေမကျလို့ အိမ်ပြန်ခဲ့ရတယ် မြို့ပြင်မီးပွိုင့် အနီးနဲ့ အာရှလမ်းဘေးက အိမ်တွေနဲ့ဆိုင်တွေရေမြုပ်တယ်”လို့ဆိုပါတယ်။
ဒါ့အပြင် မြဝတီမြို့နယ်အတွင်းရှိ ပလော့တပို့စစ်ရှောင်စခန်းမှာလည်း မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်ရေတိုးလာတာကြောင့်ကမ်းပါးပြိုတာ၊စစ်ရှောင်တွေ ပြသရာဆေးခန်း မှာလည်း ရေဝင်တာမျိုးတွေရှိတယ်လို့ စစ်ရှောင်ကူညီပေးနေသူတစ်ဦးကဆိုပါတယ်။
“ရေကြီးတယ်၊ကမ်းပါးပြိုတယ်၊အိမ်ကတော့၂အိမ်လောက်ပဲ မိုးကြီးလေကြီးလို့အိမ်လုံးလုံးပျက်စီးသွားတာတွေတော့မရှိဘူး အိမ်တွေကိုအကုန်လုံးနီးပါးပြင်ထားလို့ဆေးခန်းတွေထဲတော့ရေတွေအရမ်းအိုင်တယ်ရေဝင်တယ်ပြောင်းရွှေ့ရတာမျိုးတော့မရှိဘူးအစကတည်းကကမ်းနားတွေကိုဖယ်ထားခိုင်းတော့လေ”လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇူလိုင်လ နဲ့ သြဂုတ်လတွေတုန်းကလည်းမိုးအဆက်မပြတ်ရွာသွန်းတာနဲ့တောင်ကျရေတွေကြောင့် ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ ဘားအံ၊မြဝတီ၊ကော့ကရိတ်၊ကြာအင်းဆိပ်ကြီး၊လှိုင်းဘွဲနဲ့ ကျုံဒိုးမြို့မှာရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း-နော်ဖူးဖူး
ပုံ-လူမှုကွန်ယက်
Phar Si Than (People’s Radio Myanmar)