
ဇွန်လ ၄ရက် ၂၀၂၄
ကရင်ပြည်နယ်ရှိ မြဝတီ− ကော့ကရိတ်အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တို့နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဧပြီလ လလယ်လောက်ကနေစပြီး အခု ဇွန်လ ၂ရက် နေ့အထိ့ အာရှ လမ်းမကြီးဘက်မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေ သလို စစ်ကောင်စီတပ်မှ တော်လှန်ရေးအင်အားစုတွေရှိနိုင်မဲ့နေရာတွေကိုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ကြောင့် နှစ်ဖက် စလုံး မှာ ထိခိုက် သေဆုံးတာတွေ ဆက်ရှိနေတယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“စကစနဲ့က နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲရှိပါတယ် သူတို့ကဘက်ကကျ ဆုံးဒဏ်ရာရတာတွေလည်းရှိတယ် လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတယ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကို ကြဲတာကတော့၄ခါလောက်ကြဲတယ်တနေ့လောက်က လေကြောင်းတိုက်ခိုက်မှုတွေရှိပါတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇)တပ်ရင်းကနေလည်း နေ့တိုင်းနီးပါးမြို့ပြင်ဘက် က ကျေးရွာတွေ ဘက် မှာ စစ် ရေး လှုပ်ရှား နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေ ရှိနေသည့် အထင်ဖြင့် လက်နက်ကြီးပစ်ခတ် တာအပြင် လေယာဉ်နဲ့ဗုံးကြဲတာတွေပြုလုပ်တာကြောင့် ကျေးရွာသားတစ်ချို့မှာ မနေရဲတော့ပဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုပါတယ်။
“မြို့နားကတစ်ချို့ရွာတွေဆိုပျက်သလောက်ဖြစ်နေပြီ လူတွေမနေကြတော့ဘူး ဆိတ်ဖူးကုန်းတို့အရူးရွာ၊ နောင်ကိုင်းဘက်တို့မှာ PDFတွေရှိတယ်ဆိုပြီး လေယာဉ်နဲ့ကြဲ လက်နက်ကြီးတွေနဲ့ပစ်တော့နေမရတော့ဘူးလက်နက်ကြီးက ၉၇ကနေခြောက်ပြီးပစ်နေတာ”ဆိုပါတယ်။
အခုလက်ရှိအချိန်ကော့ကရိတ်မြို့ထဲမှာစစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေပြန်လည်ဖွင့်လှစ်နေပေမဲ့လည်း ဒေသခံပြည်သူတွေကတော့အနည်းငယ်သာပြန်လည်နေထိုင်ကြသေးတယ်လို့မြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-လူမှုကွန်ယက်
Phar Si Than(People’s Radio Myanmar)