ကမမောင်းမြို့ပေါ်မှာ BGFကဦးဆောင်ပြီး၁နှစ်ကျော်တဲ့အထိ လောင်းကစား ဝိုင်းများဖွင့်လှစ်ထား

မေလ ၁၈ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ် ၊ကမမောင်းမြို့တွင်းမှာ  နယ်ခြားစောင့်တပ်

BGF အမှတ်(၁၀၁၄)တပ်ရင်းမှ တပ်ရင်းမှူးဗိုလ်မောင်ချစ် ဦးဆောင်ပြီး လောင်းကစားဝိုင်းများဖွင့်လှစ်ထားတာ ၁ နှစ်ကျော်ပြီလို့ ဒေသခံတွေဆီက သိရပါတယ် ။

လောင်းကစားဝိုင်းတွေကို ကမမောင်းမြို့သစ်ကွင်းမှာတနေရာ၊ ဦးမြင့်သိန်းရာဘာခြံမှာ တနေရာအာဝါဒေးဝိုင်းတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။

အခုလို လောင်းကစားဝိုင်း‌ေတွ ဖွင့်လှစ်ထားတဲ့အတွက်ဆိုင်ကယ်တွေအခိုးခံရသလို နေအိမ်‌ေတွ ၊ ဆိုင်ခန်းတွေလဲ ဖောက်ထွင်းခံရတာတွေ မကြာခဏဖြစ်ပွားနေတယ်လို့လဲ သိရပါတယ် ။

BGF တပ်‌ဖွဲ့တွေလုံခြံု‌ေရးယူထားပြီး အဲဒီ‌ေလာင်းကစားဝိုင်း‌ေတွကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလပိုင်းကတည်းကဖွင့်လှစ်ခဲ့တာဖြစ်တယ် လို့လဲ သိရပါတယ် ။

“လောင်းကစားဝိုင်းတွေက အနီထောင် ၊ ဆွဲချခုံ ၊ ဖဲဝိုင်း ၊ ကြက်ဝိုင်းတွေပါတယ် ခိုးမှုတွေကတော့အများကြီးပဲ ဆိုင်ကယ်အများဆုံးပဲ အိမ်ဖောက်ထွင်းမှုတွေမှာဆိုရင် ရွှေ၊ငွေ၊ဖုန်းနဲ့တန်ဖိုးကြီးနဲ့ပစ္စည်းတွေဆိုင်ကယ်ခိုးမှုဆို၂၀ကျော်ပြီး၊ ဈေးတွင်းဖုန်းဆိုင်တွေလည်းဖောက်ခံရခိုးမှုတွေကတော့မကြာခဏပဲ”လို့သူကပြောပါတယ်။

ဒါ့အပြင်ခိုးရာပါ ပစ္စည်းတွေကိုBGFပိုင် ငါးဂိမ်းရုံမှာ သူခိုးတွေကပြန်လည်ရောင်းချနေကြတာပြီး အခုလို ခိုးမှုတွေနဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တိုင်းတန်းတာတွေပြုလုပ်ခဲ့ပေမဲ့တာဝန်ယူဖြေရှင်းပေးနိုင်တာမျိုးမရှိတာကြောင့်ပစ္စည်းအခိုးမခံရအောင်သတိနဲ့နေထိုင်နေကြရတယ်လို့ဆိုပါတယ်။

“တိုင်လည်းဘာမှမထူးပါဘူးခိုးရာပါပစ္စည်းတွေက BGFဆီပဲရောက်တာလေအုပ်ချုပ်ရေးမှူးကိုတိုင်လည်း ပစ္စည်းတွေက ငါးဂိမ်းရောက်နေတော့ဘာမှလုပ်မရဘူးခိုးရာပါပစ္စည်းတွေကို BGFကပဲဝယ်တာ”လို့ဆိုပါတယ်။

အဲဒီ‌ေလာင်းကစားဝိုင်း‌ေတွကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလပိုင်းကတည်းက BGF တပ်ဖွဲ့တေွက လုံခြုံရေးယူပြီး ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ် ။

ကရင်ပြည်နယ်အတွင်းက ဘားအံ ၊လှိုင်းဘွဲ၊ မြဝတီ၊ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်အတွင်းက ရွာတချို့မှာပါ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ ပူးပေါင်းပြီး အာဝါဒေးလောင်းကစားဝိုင်းတွေကိုပြုလုပ်နေကြတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံစာ – ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဘားအံမြို့တနေရာက လောင်းကစားဝိုင်းများ

Phar Si Than (People’s Radio Myanmar)