
မတ်လ ၂၆ ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ရေးမြို့နယ်က စစ်ကောင်စီအထိုင်ချထားတဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်အား ၂၀ ဝန်းကျင် နဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ရက်မနက်၆နာရီလောက်မှာ ရေးဘီးလူးအဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား၅ဦးသေဆုံးသွားသလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
“ခံသင်းစစ်ဆေးရေးဂိတ်တံတားက မြို့ထွက်စစ်ဆေးရေးဂိတ်တံတားပုံစံ ၊ ကျွန်တော်တို့ နဲ့ မနက်၆နာရီကနေ ၁၀ နာရီရီဝန်းကျင်အထိ ထိတွေ့မှုဖြစ်တယ် သေဆုံးတာတွေကို ကျွန်တော်တို့မျက်မြင်တွေ့ရတာပါ” လို့သူကပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၇ တပ်ကနေ မနက် ၁၁နာရီအထိ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ ခံသင်းတံတားအနီးမှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“ပစ်ခတ်မှုေတွဖြစ်ေတာ့ လက်နက်ကြီး ၊ လက်နက်ငယ်သံတွေလဲကြားရတယ် ကျွန်တော်တို့ ဝပ်လိုက်ရသေးတယ်”လို့သူကဆိုပါတယ်။
အခုလိုနှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်အတွင်းမှာလည်း ရေးဘီလူးအဖွဲ့မှရဲဘော်၂ဦးလည်းသေဆုံးခဲ့သလို ၂ဦးမှာလည်းမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး သေနတ်၂လက်လည်းဆုံးရှုံးခဲ့တယ်လို့ရေးဘီလူးအဖွဲ့ခေါင်းဆောင်ရဲ့ ပြောပြချက်အရသိရပါတယ်။
ဒါ့အပြင် မတ်လ၁၄ရက်နေ့တုန်းကလည်း ရေးမြို့ရှိချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၂ဦးမှာနေရာပင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၅ဦးခန့်ဒဏ်ရရှိပါသေးတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ရေးဘီလူးအဖွဲ့
Phar Si Than (People’s Radio Myanmar)