ဒေသခံတွေရဲ့ ​အိမ်တွေမီးရှိူ့ကာ သောက်သုံးရေတွင်းကို အဆိပ်ခတ်တဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ သုံးဦးသေ

မတ်လ ၁၈ ရက် ၂၀၂၄ ခုနှစ်

 

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်၊  မန်ကျီးစမ်းရွာကို စစ်ကောင်စီက မတ်လ ၁၄ ရက် နံနက် ၆ နာရီခန့်မှာ စစ်ကြောင်းထိုးလာပြီးပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ကာ သောက်သုံးရေတွင်းကို အဆိပ်ခတ်ခဲ့တဲ့ စစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်က မတ်လ ၁၄ ရက်နေ့ က ပစ်ခတ်မိုင်းစွဲတိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မန်ကျည်းစမ်း​ ကျေးရွာကို စစ်​ကြောင်းထိုးလာတဲ့ အင်အား ၄၁ဦးပါ တပ်မ(၆၆)လက်အောက်ခံတပ်ရင်းနှင့် ကပစ(၁၉) ပူးပေါင်းတပ်တွေ ကို မတ်လ ၁၄ ရက်နေ့  မွန်းလွဲ ၁နာရီ ၁၅ မိနစ်ခန့်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း Sniper အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ (၁)ဦးသေဆုံးခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက People’s Radio Myanmar ကိုပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ မန်ကျည်းစမ်းကျေးရွာအနီးရှိ တဲတွေကို ထမ်မံမီးရှို့ပြီး နတ်ရေတွင်း ရွာသို့ နှစ်ဖွဲ့ခွဲပြီးဆက်လက်ထွက်ခွါလာရာ ပေါက်ခေါင်းမြို့နယ်၊ နတ်​ရေတွင်းကျေးရွာအနီးရှိ ဗိုလ်ရုံတောင်ကြောတန်းပေါ်သို့ ရောက်ရှိလာတဲ့အဖွဲ့ကို ညနေ ၄ နာရီခွဲအချိန်ခန့်တွင်တစ်ကြိမ်၊ ညနေ ၆ နာရီခွဲအချိန်ခန့်တွင်တစ်ကြိမ် ပဒေသာမ်ိုင်းဖြင့်(၂)ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး ၃ဦးအပြင်းအထန်ဒါဏ်ရာရရှိသွားတယ်လို့ အထက်ပါတာဝန်ခံက People’s Radio Myanmar ကိုပြောပါတယ်။

” နတ်ကန်ကို နှစ်ဖွဲ့ခွဲလာတဲ့ အဖွဲ့ထဲကတစ်ဖွဲ့ကို ဗိုရုံတောင်ကြောပေါ်မှာတိုက်တာ နှစ်ဦးသေတယ် မိုင်းခွဲတိုက်တာ မီးရှိူ့ခံရတဲ့ရွာတွေတော့ အိမ်ခြေဘယ်လောက်ဆုံးရှူံးလဲတော့ နယ်မြေမရှင်းလင်းရသေးတော့ မသိသေးဘူး” ဟု ယင်းတာဝန်ခံမှ ပြောသည်။

ထို့ပြင် ၎င်းစစ်ကောင်စီစစ်ကြောင်းဟာ မန်ကျီးစမ်းတဲတိုက်ရှိ ရေတွင်းထဲသို့ အဆိပ်များခတ်ပြီးနောက် နတ်ရေတွင်းရွာရှိ ​သေခံများ၏ နွားသုံးကောင်ကို ခိုးယူသွားပြီး ရောင်းချခဲ့တဲ့အပြင် တစ်ကောင်ကို သတ်စားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကလဲ ပြောပါတယ်။

” ရေတွင်းထဲက ဖားတွေငါးတွေသေနေတာ အဆိပ်ခတ်သွားတာပေါ့ နတ်ရေတွင်းက နွားသုံးကောင်ခိုးယူပြီး ပေါက်ခေါင်းနွားဈေးမှာ ရောင်းစားပြီး တစ်ကောင်ကိုတော့ နတ်ရေတွင်းရွာအလယ်မှာ သတ်စားလိုက်တယ် ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ​ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များမှာအထိအခိုက်အန္တရာယ်မရှိဆုပ်ခွါနိုင်ခဲ့ကြောင်းဒေသခံတော်လှန်ရေး အဖွဲ့ဝင်များရဲ့ ပြောကြားချက်အရသိရပါတယ်။

စစ်ကောင်စီတပ်ဟာ သေဆုံးအလောင်းတွေ ကို မီးရှိူ့ပြီး ဒဏ်ရာရတပ်သားတွေကို ပေါက်ခေါင်းဘက်ကို သယ်ဆောင်သွားတယ်လို့လဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မတ်လ ၁၄ရက် နံနက် (၆)နာရီခွဲအချိန်တွင် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် နတ်ရေတွင်းရွာ (၇)နာရီအချိန်တွင် ရွာထဲမှအိမ်တချို့နှင့်တဲတိုက်များကိုထပ်မံမီးရှို့လျှက်ရှိပြီး အိမ်အလုံးရေမည်မျှပျက်ဆီးသွားတာကို People’s Radio Myanmar အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကလဲ နတ်ရေတွင်းကျေးရွာကို စစ်ကောင်စီက မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၄၃ လုံးပျက်ဆီးခဲ့ပါသေးတယ်။

 

သတင်း – Naw Drizzle

ပုံ-Cj