
ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၄
ပန်ဝါအထူးဒေသ (၁) ဖရဲရွာရဲ့ မြေနေရာမှာ မြေရှားသတ္တုမတူးဖော်ဖို့ ဆန္ဒပြတဲ့ဒေသခံတွေကို ဒေသအခြေစိုက် KIA တပ်မဟာ ၇ တပ်ဖွဲ့များမှ ဗုံးခွဲဖြိုခွင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို ဖမ်းဆီးခံရသူများလည်း ရှိတယ်လို့ ဒေသခံပြောစကားအရသိရပါတယ်။
ကချင်ပြည်နယ်ရှိ ဖရဲဒေသခံတွေအသုံးပြုတဲ့ဒေသသုံးရေတွင်းမှာ မြေရှားသတ္ထုတူးဖော်တဲ့တရုတ်လုပ်သားများကို ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ့စပြီး ပြည်သူများဆန္ဒပြခဲ့ကြပါတယ်။ သတ္ထုမတူးေဖာ်ရေးဆန္ဒပြပွဲများအားကောင်းလာသည့် ခုတစ်ပတ်အတွင်း သတ္ထုတူးဖော်ရာနေရာကိုသွားတဲ့ ဆန္ဒပြဒေသခံပြည်သူများကို ဒေသအခြေစိုက် KIA တပ်ဖွဲ့များမှနောက်မှလိုက်လာကာဗုံးခွဲဖြိုခွင်းခဲ့တဲ့အပြင် ပြည်သူ ၄၀ ကျော်နီးပါးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ဖရဲဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
” ငါတို့သုံးနေတဲ့ရေတွင်းမှာ သူတို့က မြေရှားသတ္ထုလာတူးတဲ့အတွက် ရွာကလူတွေသွားပြီ ဆန္ဒပြတယ် ။ ဓာတ်ငွေ့ဆက်တူးတယ်ဆိုရင် ပြည်သူတွေခက်ခဲမယ် ။ နေလို့မရဘူး ။အဲ့တာကြောင့် သွားပြီ ဆန္ဒပြကြတာပါ ။ အဲလိုလုပ်တာကို KIA စစ်သားတွေက အနောက်ကနေ လိုက်လာပြီး စစ်တိုက်သလိုမျိုးပဲ ဗုံးတွေနဲ့ပစ်တယ်။ ဒဏ်ရာ ရတဲ့သူကရ ထွက်ပြေးတဲ့သူကထွက်ပြေး ၊ ပြည်သူ ၄၀ လောက်အဖမ်းဆီးချုပ်နှောင်ခံထားတယ် ၊ လူတွေ့လည်းမခံဘူ ၊ ထမင်းလည်းပို့မရဘူး ” လို့ ဖရဲဒေသခံတစ်ဦးကပြောပါတယ် ။
ဖရဲဒေသမှာ သတ္တုမတူးဖို့အတွက် ဒေသခံတွေ အသင်းတော်လူကြီးတွေနဲ့ ဒေသခံလူကြီးတွေ လိုင်ဇာဌာနချုပ်ထိသွားရောက် တောင်းဆိုခဲ့ပေမဲ့ ဌာနချုပ်ဘက်က တာဝန်ယူပေးမှုမရှိဘူးလို့ကြားသိရတယ်။
ဒါ့အပြင် ရွာအတွင်းမှာ မြေရှားသတ္တုမတူးဖို့အတွက် ဒေသအခြေစိုက် KIA တပ်ရင်းတွေကိုလည်း အကြိမ်ကြိမ်သွားပြီး တောင်းဆိုခဲ့တာမှာ KIA ဘက်က အရေးယူပေးမှူမရှိတဲ့အတွက် တရုတ် လုပ်ငန်းရှင် လတွေကို တိုက်ရိုက် ဆန္ဒပြ တာမှာ အခုလိုဖြိုခွင်းမှုတွေဖြစ်လာပြီး KIA တပ်ဖွဲ့ဘက်က ဒေသခံတွေကို ဖမ်းဆီး မှု့တွေ လုပ်လာတယ်လို့ ရပ်ရွာလူကြီးတစ်ဦးကပြောပါတယ်။
” KIA ဗုံးကျဲလို့ ပြည်သူတစ်ယောက်က ထိခိုက်ပြီး ဖရဲဒေသခံ ၄၄ ယောက်ကို ဖမ်းဆီးချုပ်နှောင်ခံထားရတာဟုတ်တယ်။ KIA တွေကိုတောင်းဆိုလို့မရလို့ တရုတ်တွေကိုသွားတားကြတာလေ ။ ရွားနားနီးလာပြီ တူးနေကြတာက ” လို့ ဒေသခံလူကြီးတစ်ဦးကပြောပါတယ် ။
အဲ့ဒီကိစ္စ နဲ့ပတ်သက်ပီ KIA သတင်းနှင့်ပြန်ကြားရး တာဝန်ခံ အင်ဘန်နော်ဘူ ကိုဆက်သွယ်မေးမြန်းတဲ့အခါ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာသတင်းမှမရဘူးလို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ Kachin News သတင်းရဲ့ဖော်ပြချက်အရသိရပါတယ်။
အခုအချိန်မှာ ဖရဲဒေသမှာ ဖုန်းလိုင်းဖြတ်တောက်ခံထားရပီး KIA ဘက်ကနေ သတ္တူတူးတဲ့ လုပ်ငန်းရှင်က လက်အောက်ခံ ဝန်ထမ်း တွေ ကို လက်နက် တွေလည်းပေးကိုင်ထားပြီး ဒေသခံတွေမလာရဲအောင် လုံခြုံရေးကိုတင်းကြပ်ထားတယ်လို့သိရပါတယ် ။
ပြီးခဲ့တဲ့ ၂၀၂၃ မေလ နဲ့ အောက်တိုဘာ လ အတွင်းမှာ ဖရဲဒေသခံ တွေ ရဲ့ ခြံတွေနဲ့ လယ်ကွက်တွေမှာ သတ္ထုလာရောက်တူးဖော်ခံရလို့ KIA တပ်ဖွဲ့ ဘက်ကိုတားမြစ် ပေးဖို့ သွားရောက်ကြတဲ့ အမျိုးသမီး တွေ နဲ့ လူငယ်တွေ ကိုKIA တပ်ဖွဲ့ ဘက်က ဖမ်းဆီးချုပ်နှောင်ခြိမ်းခြောက် အပစ်ပေးပြီး နောက် ပြန်လွတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။
လက်ရှိ မှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်မဟာ ၇ ဘက်က ဒီအကြောင်းအရာနဲ့ပတ်သက်ပီးမှ သတင်းဌာနတွေနဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပုံတွေတွေ့ရခဲ့မယ်ဆိုရင် အရေးယူမယ် လို့ ဒေသခံ တွေကို ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေကြောင်း ဒေသခံ တွေ က ဆက်ပြီး ပြောပါတယ် ။
လက်ရှိ KIA တပ်ဖွဲ့တွေ ထိမ်းချုပ်တဲ့ ဖရဲဒေသမှာ ၂၀၁၁ ခုနှစ်ကနေ ကချင်တပ်မတော်နယ်မြေအဖြစ် စတင်သတ်မှတ် ထိန်းချုပ်ထားခဲ့ပြီး ၂၀၁၈ကနေ မြေရှားသတ္ထုတူးဖော်တဲ့ လုပ်ငန်းတွေ စလုပ်ခွင့်ပြုခဲ့ချိန်မှ စပြီး ယခု ကာလအထိ့ မကြာခဏ ဆန္ဒပြမှု တွေ ရှိနေတာမှာ KIA တပ်ဖွဲ့ ဘက်က လက်နက်နဲ့ ပစ်ခတ်တာတွေ ကြောင့် ဒေသခံ တွေ သေဆုံးတာ ၊ဖမ်းဆီးနှိပ်စက်ညှင်းပန်းခံ ရတာတွေ ဆက်ရှိနေတာပါလို့အမည်မဖော်လိုတဲ့ ဖရဲ ဒေသခံ တွေ ပြောစကား အရ သိရပါသည်။
Ref : Kachin News
Photo : CJ Kachin News