မော့ကနင်ကျေးရွာအခြေစိုက်ခလရ−၁၀၆ တပ်ရင်းကို နယ်မြေခံတော်လှန်ရေးအင်အားစု ပစ်ခတ်တိုက်ခိုက်

ဖေဖော်ဝါရီလ ၁၅ ၂၀၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ− ၁၀၆တပ်ရင်းကဗဟိုကင်းတဲကို  (RPG)နဲ့သွားရောက်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာ ကိုထိမှန်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့ မနက်၅နာရီ၄၅မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ၁၀၆တပ်ရင်းကဗဟိုကင်းတဲကို RPGနဲ့သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလိုမော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းထိန်ကိုဝင်ရောက်ဖမ်းဆီးချိန်မှာတော့ထွက်ပြေးလွတ်မြောက်သွားပြီး မော်တော်ဆိုင်ကယ်နှစ်စီးနဲ့ ရုံးလုပ်ငန်း ပစ္စည်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်ကျန်ရစ် ကပြောပါတယ်။

“၁၀၆တပ်အရှေ့မှာတပ်ဖြန့်ထားပြီးတော့ ကိုက်၂၀၀လောက်ပဲကွာတယ်ပြီးတော့ရွာထဲဝင် တယ် အုပ်ချုပ်ရေးမှူးကိုသွားဖမ်းတယ်လက်နက်သိမ်းဖို့အတွက်သူကရုံးကိုရောက်သွားတယ် အစ်ကိုတို့လာတာကို သူသတင်းရလို့ထွက်ပြေးတယ် လူကြားထဲထွက်ပြေးတော့မပစ်ရော ပြီးတော့သူ့အိမ်မှာလက်နက်သွားပြန်ရှာတယ် မတွေ့ဘူးသူ့သမီးတစ်ယောက်ရှိတယ် ပစ္စည်းတွေဘာတွေသိမ်းလိုက်တယ် ပစ္စည်းတွေကိုပြည်သူပိုင်အဖြစ်သိမ်းတယ်လို့ တော်လှန် ရေးအတွက်သုံးသွားမယ်လို့အပြန်မှာ ၁၀၆တပ်ထဲကို RPGတစ်လုံးပစ်တယ်လောလောဆယ် တော့ ၅ယောက်ထိခိုက်တယ်ဆေးရုံတက်နေတယ်သတင်းရတယ်”လို့ပြောပါတယ်။

အခုလိုပစ်ခတ်မှုတွေဖြစ်ပွားပြီး ၁၅မိနစ်ဝန်းကျင်အချိန်မှာတော့အိမ်စီးကား၁စီးနဲ့ စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီးစစ်ဆေးတာတွေပြုလုပ်ခဲ့သလိုမော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းထိန်ဟာကျေးရွာအတွင်းသေနတ်ကိုင်ဆောင်တာတွေပါလုပ်ဆောင်နေတာဖြစ်တယ်လို့ ကျေးရွာသားတစ်ဦးကဆိုသည်။

“သူတို့လှုပ်ရှားနေတဲ့အချိန်ရွာထိပ်က၁၀၆တပ်က တစ်ယောက်မှ ထွက်မလာဘူး သူတို့ ထွက်သွားပြီး ၁၅မိနစ်လောက်ကြာမှ အိမ်စီးကားနဲ့စစ်သားတွေရောက် လာတယ်နည်းနည်း ပါးပါး ဟိုဘက်ဒီဘက်လိုက်ကြည့်ပြီးတော့ကင်းလှည့်လိုက်တဲ့သဘောမျိုးပေါ့ အဲ့ဒီအုပ်ချုပ် ရေးမှူးကသေနတ်ကိုင်ထားတယ်လမိုင်းကအုပ်ချုပ်ရေးမှူးတွေဆိုသေနတ်မကိုင်ကြဘူး သူကပြည်သူ့စစ်ခေါင်းဆောင်လိုမျိုးလည်းဖြစ်နေတော့သေနတ်ကိုင်ထားတယ် သေနတ် အတိုမဟုတ်ဘူး အရှည်”လို့သူကဆိုသည်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ခလရ ၁၀၆တပ်ရင်းနဲ့ ရေးမြို့အခြေစိုက် အမှတ် ၃၁၆ အမြှောက်တပ်ကနေတော်လှန်ရေးအင်အားစုတွေပြန်နိုင်မဲ့လမ်းကို လက်နက်ကြီး၂လုံးနဲ့ပစ်ခတ်ခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၇ ရက်နေ့တုန်းလည်း ရေးမြို့နယ် ရွှေပြည်သာကျေးရွာရှိ ပြည်သူ့စစ်စခန်းကို နယ်မြေခံတော်လှန်ရေးအင်အားစုသွားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး၄ဦးသေဆုံးခဲ့ပါသေးတယ်။

အခု၂၀၂၄ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလနှစ်လအတွင်းမွန်ပြည်နယ်မှာရှိတဲ့ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာ၊ စစ်တပ်သတင်းပေးသူတွေကို နယ်မြေခံတော်လှန်ရေးအင်အားစုမှဝင်ရောက်ပစ်ခတ်တိုက်တာ၅ကြိမ်ထပ်မနည်းရှိနေပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ၁၀ဦးထပ်မနည်းရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than(People’s Radio Myanmar)