
ဇန်နဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကိုလိုက်လံမီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဇန်နဝါရီလ၁၄ရက်နေ့မှာတော့ ချောင်းနှစ်ခွကျေးရွာအတွင်းတပ်စွဲနေထိုင်နေတဲ့ စစ်သားတွေဟာ ရဲစခန်းအနီးတစ်ဝိုက်ကနေအိမ်တွေ၊ ဈေးပိုင်းနဲ့ ကွက်သစ်ရပ်ကွက်ဘက်တွေက နေအိမ်တွေကို လိုက်လံမီးရှို့နေတာကြောင့် ကျေးရွာအတွင်းကနေအိမ်အများအပြားမီးလောင်ပျက်စီးနေတယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။
“ ဒီနေ့တော့ရွာကိုပတ်ပြီးတော့စခန်းနားကအိမ်တွေကို မီးရှို့ပြီးတော့ဖြိုလိုက်တယ်ကွက်သစ် ဆိုတဲ့ရပ်ကွက်ဆိုတဲ့ရပ်ကွက်ခန်းနားကရပ်ကွက်တစ်ခုလုံးလည်းမီးရှို့လိုက်ကုန်ပြီစစ်တပ်က သူတို့စခန်းပတ်လည်ရှိတဲ့အိမ်တွေအကာကွယ်တွေအကုန်လုံးရှင်းလိုက်ပြီးတော့ ချောင်းနှစ်ခွ တံတားဆင်းပြီးတော့ရွာအထွက်ကျောင်းအကျော်က ဈေးဆိုင်တန်းရှိတယ်အဲ့ဒီဈေးဆိုင်တန်း ဈေးနားတွေဘာတွေအကုန်လုံးလိုက်ရှို့နေတယ် ကုန်သလောက်ပဲ”လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၉ရက်နေ့မှာ ချောင်းနှစ်ခွကျေးကိုစစ်တပ်ပြန်လည်တပ်စွဲပြီးနောက် သံဘောင်တွေ လာရောက်ပို့ဆောင်တာတွေကြောင့် ချောင်းနှစ်ခွတံတားကို ပြန်လည်ပြုပြင်ဖို့ဖြစ်နိုင်သလို တံတားကို ပြန်လည်ပြုပြင်ခဲ့ရင်လည်းစစ်တပ်ရဲ့ထောက်ပို့လုပ်ငန်းအတွက်သာဖြစ်တယ်လို့ ကျေးရွာသားတွေကဆို ပါတယ်။
“အနောက်ဘက်ကမ်းမှာတော့ပစ္စည်းတွေချနေတယ်တစ်ခုရှိတာကတော့ကရိန်းကရေယာဉ်တွေရောက်မလာဘူးလို့ကြးတယ်အခုကလည်းသူတို့ထောက်ပို့ကဲ့ရယုံပါ ဆောက်လုပ်ရေးစက်တွေ မပါရင် အဆင်မပြေနိုင်ဘူး ပျက်စီးသွားတဲ့အကန့်က လည်းမနည်းဘူးလေ”လို့သူကပြောပါတယ်။
နောက်ထပ်အမျိုးသားတစ်ဦးကလည်း“တံတားကတော့ပြင်နေတာကတော့ကြာပြီးသံဘောင်တွေချတာတော့သိတယ်၊ သူတို့ရွာထဲဝင်ပြီးနယ်မြေရှင်းလင်းပြီးတော့မကြာဘူး သုံးရက် ၊လေးရက်မှာပဲ သံဘောင်တွေလာချပြီးတော့ လုပ်နေတာတော့တွေ့တယ် အဲ့နားမှာလည်း ဘယ်သူမှမရရှိဘူးလေ အတိအကျပြောဖို့ကသံဘောင်တွေချပြီးတော့သယ်နေတယ်ဆိုတော့တံတားလုပ်ဖို့အတွက်ပဲထင်တယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတံတားပြန်လည်ပြုပြင်တာနဲ့ပတ်သက်ပြီးတော့အတိအကျမသိရှိရသေးပေမဲ့ အခုလက်ရှိအချိန်မှာတော့ကျေးရွာအတွင်းကနေအိမ်ကိုစစ်တပ်ဘက်မှမလိုက်လံမီးရှို့ဖျက်ဆီးနေပြီး လက်နက်ကြီးတွေလည်း ပစ်ခတ်နေတယ်လို့စစ်ရေးနယ်မြေသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
ဒါ့အပြင်ချောင်းနှစ်ခွကျေးရွာ၊တောင်ကလေးကျေးရွာအပါအဝင် အနီးအနားကကျေးရွာ၅ရွာမှာရှိတဲ့ အရပ်သားနေအိမ်တွေကိုစစ်တပ်နဲ့စစ်တပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင်တွေက ဖောက်ထွင်းဖျက်ဆီးကာတန်ဖိုးကြီးပစ္စည်းတွေကိုယူဆောင်နေကြတာလည်းဖြစ်ပါတယ်။
ချောင်းနှစ်ခွကျေးရွာမှာဖြစ်ပွားခဲ့တဲ့တစ်လကျော်ကြာတိုက်ပွဲအတွင်းစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်အရပ်သားနေအိမ်အလုံး၅၀ကျော်မီးလောင်ပျက်စီးခဲ့သလိုပေါလောကျေးရွာကကလေးငယ်၂ဦးသေဆုံးခဲ့ပြီးအရပ်သားပြည်သူ၂၀၀၀၀ကျော်ဟာလည်းစစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ဒေသတွင်းကူညီပေးရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)