စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက နေအိမ်လုံး(၅)ထပ်မနည်းထပ်မံမီးလောင်

[videopress sM8yaNbI]

နိုဝင်ဘာလ ၂၇ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီး တွေနဲ့ပစ်ခတ်နေတာကြောင့် ကျေးရွာအတွင်းကနေအိမ်(၅)လုံးထပ်မနည်း ထပ်မံမီးလောင် ပျက်စီးခဲ့တယ်လို့ KNLAသတင်းအရင်းအမြစ်တွေဆီကနေသိရပါတယ်။

နိုဝင်ဘာလ ၂၆ရက်နေ့ မနက်၅နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ် တောင်ကလေးစခန်း၊ မုဒုံမြို့အမြှောက်တပ်နဲ့ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့နေရာတွေကလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက နေအိမ်(၇)လုံးလောက်ထပ်မံ မီးလောင်ပျက်စီးခဲ့တယ်လို့ KNLAသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

“ဒီနေ့မနက်ဒီကောင်တွေရမ်းထုလိုက်လို့မီးလောင်သွားတာ(၇)လုံး(၈)လုံးလောက်ရှိတယ်ဘုန်းကြီး ကျောင်းဘေးကနေပြီး တောက်လျှောက်ပဲအချိန်ကတော့ (၅)ခွဲကျော်ကျော်လောက်ရှိတယ် ဒီကောင်တွေရမ်းသမ်းပြီးတော့ လိုက်ထုတာအကုန်လုံး (၄၀)တွေရော (၁၂၀)တွေရော”လို့သူ ကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်သားတွေဟာ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ နေရာတွေကို KNLAပူးပေါင်းတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်မှာကိုစိုးရိမ်တာကြောာင့် မနက်၄နာရီနဲ့ ၅နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်သားတွေကတောင်ကလေးရဲစခန်းကနေ လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါပစ်ကူပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

“မနက်အစောပိုင်းဆိုတောက်လျှောက်ပစ်တယ်တစ်ခါတစ်လေကျရင် ၄နာရီလောက်ဆို ပစ်ပြီအပစ်အများဆုံးက ငါးကြင်မြှီးရယ် လက်နက်ကြီးရယ်ပိုများတယ်ရမ်းထုတာပေါ့ တောင်ကလေးဘက်ကနေလှမ်းလှမ်းထုတာပစ်တဲ့အချိန်ကလည်း အချိန်အတိအကျရယ်လို့ လည်းမရှိတော့ဘူး ဝေလီဝေလင်းဆိုဒီကောင်တွေကပစ်ပြီးသူတို့နားကို ကပ်မှာကြောက် လို့”လို့သူကပြောပါတယ်။

နိုဝင်ဘာလ၂၆ရက်နေ့မှာ စစ် ေကာင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေ အိမ်တွေမီးလောင်ပျက်စီးတာတွေရှိပေမဲ့ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊တိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေတာကြောင့် ကျေးရွာအတွင်းပြန်ဝင်လို့ မရသေးပဲ မီးလောင်ပျက်စီးတဲ့အရေ အတွက်ကို အတိအကျမသိရှိရသေးဘူးလို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြောပါတယ်။

“လောလောဆယ်တော့ ဘာမှမကြားရသေးဘူး မနေ့ကတော့မီးထပ်လောင်တယ် လက်နက်ကြီးကျလို့ နေရာကတော့မသိရသေးဘူး ပစ်တာကတော့ပစ်နေတုန်းပဲ ဟိုဘက်လှမ်းပစ်လိုက် ဒီဘက်က လှမ်းပစ်လိုက်နဲ့”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၄ရက်နေ့ကလည်းစစ်ကောင်စီတပ်ကလေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ၂၅ရက်နေ့ညနေပိုင်းအချိန်ကလည်း စစ်ကောင်စီ တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက ဈေးဆိုင် တစ်ဆိုင်ထပ်မံမီးလောင်ခဲ့ပါတယ်။

ချောင်းနှစ်ခွကျေးရွာအတွင်း နိုဝင်ဘာလ ၁၀ရက်နေ့ကနေ အခု ၂၇ ရက်နေ့ထိကို တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်အလုံး(၃၀)မီးနီးပါးမီးလောင်ပျက်စီးခဲ့သလို့ နေအိမ်ပျက်စီးတာတွေလည်းဆက်ရှိနေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)