
နိုဝင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီး နဲ့ပစ်ခတ်တာလေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်ကျေးရွာအတွင်းက ဒေသခံပြည်သူ တွေရဲ့နေအိမ်(၁၆)လုံးထပ်မနည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ နိုဝင်ဘာလ (၂၃)ရက်နေ့ထိကို စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်း တပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်(၁၆)လုံးထပ်မနည်းမီးလောင် ခဲ့တဲ့အပြင်နေအိမ်အလုံး(၃၀) ကျော် လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ကျေးရွာ သားတစ်ဦးကပြောပါတယ်။
“ရွာထဲမှာတော့ အိမ်၁၀၀၀ဝန်းကျင်လောက်ရှိတယ်မီးလောင်တဲ့အိမ်ကတော့ (၁၆)လုံးထပ်အ နည်းပေါ့ ပျက်စီးတဲ့အိမ်ကတော့ ၃၀၊၄၀လောက်ရှိတယ်တဲ့ မီးလောင်တဲ့အိမ်လုံးဝပြာဖြစ်သွား တဲ့အိမ်က(၁၆)လုံးထပ်မနည်းပေါ့တိုက်ပွဲကတော့သူတို့တိုက်နေတုန်းပဲရွာအဝင်ထွက်တွေတော့ အကုန်လုံးပိတ်ထားတယ် လေယာဉ်ကတော့မလာတာ၃၊၄ရက်လောက်ရှိပြီး ပေါ့”လို့သူက ပြောပါတယ်။
ဒါ့အပြင်ဒီနေ့နိုဝင်ဘာလ ၂၃ရက်မနက်ပိုင်းမှာလည်း တောင်ကလေးရဲစခန်းကနေ ချောင်းနှစ်ခွကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွာထဲထပ်မံမီးလောင်နေတယ်လို့ အနီးအနားကျေးရွာသားတွေရဲ့ပြောပြချက်အရသိရတယ်လို့ သူကဆက်ပြောပါတယ်။
“လက်နက်ကြီးပစ်ထုတ်နေတာစခန်းထဲကနေတောင်ကလေးကနေလှမ်းပစ်နေတော့ လက်နက်ကြီးကျတဲ့အိမ်တွေကတော့လောင်တာပေါ့ ဘေးနားရွာကတော့လက်နက် ကြီးသံတွေကြားနေရတယ်တဲ့ကြားပြီးခဏကြာတော့ မီးခိုးတွေတွေ့တယ်တဲ့မီးခိုးတွေများ တယ်တဲ့ ရွာထဲမှာမီးထပ်လောင်နေပြန်ပြီတဲ့ အဲ့လိုပဲပြောတယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ကကျေးရွာအတွင်းကို ဟောင်ဝစ်ဇာနဲ့ပစ်ခတ်တာ (၁၂၀)မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ချောင်းနှစ်ခွကျေးရွာအတွင်းက နေအိမ်အများစုကတော့ မီးလောင် ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘူးလို့စစ်ရေးနယ် မြေသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“မနက်ကတော့ပစ်တာကတော့ရွာထဲကို ရွာသားတွေကတော့တစ်ယောက် မှရွာထဲမှာတော့ မရှိဘူးပေါ့ ဒီကောင်တွေပစ်လို့ရွာသားတွေအိမ်တွေလည်အများကြီးဖြစ်နေ ပြီတစ်ချို့အိမ် တွေဆို ဟောင်ဝစ်ဇာမိတာဘာမှမကျန်တော့ဘူး(၁၂၀)ပစ်ထားတာတွေလည်းရှိသေးတယ် ”လို့သူကပြောပါတယ်။
အခုလိုနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာတွေကြောင့် အိမ်ခြေ (၁၀၀၀) ဝန်းကျင်လူဦးရေ (၄၀၀၀) ဝန်းကျင်ရှိတဲ့ ချောင်းနှစ်ခွကျေးရွာကဒေသခံပြည်သူတွေမှာ မုဒုံမြို့နဲ့ ကျိုက်မရောမြို့ ဘက်ကို ပြောင်းရွှေ့နေထိုင်နေကြတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေ့တုန်းကလည်း တောင်ကလေးကျေးရွာ အတွင်းမှာ စစ်ကောင်စီတပ်ကသေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့်အမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး တောင်ကလေးရဲစခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ချောင်းနှစ်ခွကျေး ရွာအပါအဝင်အနီးအနား ကျေး ရွာတွေဘက်ကို နေ့တိုင်းနီးပါးပစ် ခတ်နေတယ်လို့ဒေသတွင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than(People’s Radio Myanmar)