မောင်တောဒေသခံ ၂၀,၀၀၀ နီးပါးကို AA ကယ်ထုတ်


_

By – သဇင်ဦး
Date – 19 August 2024

မောင်တောဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီကလူသားဒိုင်ကာအဖြစ် ဖမ်းဆီးအသုံးချနေသည့် မောင်တောဒေသခံများအနက်က  ဒေသခံ ၂၀,၀၀၀ နီးပါးအား အာရက္ခတပ်တော် – AA က ကယ်ထုတ်ထားနိုင်ခဲ့ သည်ဟု ယ
မန်နေ့ ဩဂုတ်လ ၁၈ ရက်တွင် AA ကသတင်းထုတ်ပြန်ထားသည်။

၎င်းထုတ်ပြန်ချက်၌ “ မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် စစ်ကောင်စီ၏လူသားဒိုင်းကာအဖြစ်အသုံး
ပြုခံနေရသော‌ မောင်တောဒေသခံပြည်သူ ၂၀,၀၀၀ နီး ပါးအား အာရက္ခတပ်တော် က (မြို့တွင်းတိုက်ပွဲများကြားကပင်) ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်သည်”ဟု  ဖော်ပြထားသည်။

AA ကကယ်ထုတ်ထားသူများတွင် နိုင်ငံတကာအဖွဲ့အ စည်းအချို့၏ဝန်ထမ်းများနှင့်  မိသားစုဝင်များလည်းပါ ဝင်နေပြီး လက်ရှိအချိန်တွင်လည်း မောင်တောမြို့တွင်းအနှံ့ တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ ဒေသခံပြည်သူ များအား လူသားဒိုင်းကာများအဖြစ် စစ်ကောင်စီက ဆက်လက်ဖမ်းဆီးလျက်ရှိနေသေးသည်ဟုလည်း ဆို သည်။

“ မောင်တောမြို့တွင်းနေရာအနှံ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့တွင်း၌ ဖက်ဆစ်စစ်ကောင်စီနှင့် ARSA၊ RSO၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများက လူသားဒိုင်းကာအဖြစ်အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံပြည်သူအချို့လည်း ရှိနေဆဲဖြစ်သည်။ မိမိတို့ကလည်း အဆိုပါပြည်သူများ
ကို နေ့စဉ်နှင့်အမျှကယ်ထုတ်နေသည်” ဟု ဆိုထားသည်။

မောင်တောမြို့သိမ်းပိုက်တိုက်ပွဲများဆင်နွှဲတော့မည်ဖြစ် ကြောင်း မောင်တောမြို့ခံများအား ပြီးခဲ့သောဇွန်လ  ၁၆ ရက်ကစ၍ သတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း ဒေသ ခံအချို့ကမူ မလိုက်နာခဲ့ကြသည့်အပြင် မြို့တွင်း၌ ဆက် လက်နေထိုင်ခဲ့ကြသည်ဟု AA ကဆိုသည်။

သတိပေးချက်ကိုမလိုက်နာဘဲနေထိုင်သူများတွင် စစ်ကောင်စီလက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင် မူဆ လင်အကြမ်းဖက်အုပ်စုများ၊  ARSA၊ RSO၊ ARA အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့နှင့်ပတ် သက်ဆက်နွယ်သူများဖြစ်ကြကာ (တစ်ဖက်တွင်လည်း) ယင်းအဖွဲ့များက လူသားဒိုင်းကာအဖြစ်အသုံးပြုရန် အတင်းအဓမ္မခေါ်ယူထားသော မောင်တောဒေသခံပြည် သူလူထုများဖြစ်သည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – AA Info Desk

ပုံစာ – ရခိုင်ပြည်နယ်က မူဆလင်ဒေသခံ ၅၀၀ ဝန်း ကျင်အား အာရက္ခတပ်တော် – AA ကကယ်ထုတ်လာစဥ်။