
ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ငြိမ်းချမ်းမြိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့နယ်မြေခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွေထံမှသိရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၉နာရီ ဝန်းကျင်အချိန်မှစတင်ကာ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ထိကိုငြိမ်းချမ်းမြိုင်ကျေးရွာတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံတွေကြားနေရတယ်လို့ ခလယ်ကျေးရွာကဒေသခံအမျိုးသားတစ်သားတစ်ဦးကပြောပါတယ်။
“ပစ်နေကြတာတအားပဲငြိမ်းချမ်းမြိုင် တလျှောက်စက်သေနတ်အသံတွေကြားနေရတယ် ၈၀၊ ၆၀ အစုံပဲ ၇၉ လက်နက်သံကတော့ ဆက်တိုက်ပဲ ၁၁ နာရီလောက်ကတော့ ၁၂၀ မမတစ်လုံး အခုလိုပစ်တော့ ခဏ အိမ်ပြန်ခနပြေးကြပေါ့၊ မနေ့မနက်လည်း ပစ်နေကြသေးတယ် မို့ရွာတော့ဘာမှမကြားရတော့ဘူး မနေ့ကလေယာဥ်တောင်ကြောတော့ ဝဲတယ်ပြောတယ်”လို့သူကပြောပါတယ်။
နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကလည်း” ခလယ်ပုလိန်ကြားပွဲကတုန်းပြီးမှသိရမယ်အသံညံတုန်းပဲ”လို့သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း ငြိမ်ချမ်းမြိုင်(စိတ္တသုခဘုန်းကြီးကျောင်း) တောင်ပေါ်ကိုစစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ ကွပ်ကဲမှု ခမရ (၂၁၀) စစ်ကြောင်းကိုလည်း KNLA ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်မှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေဘက်ကို နေ့တိုင်းနီးပါ ရဟက်ယာဥ်နဲ့ကင်းထောက်တာတွေပြုလုပ်နေပြီး ဇူလိုင်လ ၁၂ ရက်နေ့ကလည်း Mi 35 ရဟက်ယာဥ်တစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပုလိန်ကျေးရွာက နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်က လက်နက်နက်နဲ့ပစ်ခတ်တာ အခုလိုတိုက်ပွဲဖြစ်ပွားတာတွေကြောင့်ဝင်းရေးမြို့နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိကို ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရှိခဲ့ကာနေအိမ် ၃ အိမ်လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး သတင်းနဲ့ပြန်ကြာရေးထုတ်ပြန်ချက်အသိရှိရပြီး ဇွန်လ ၂၈ ရက်နေ့မှစတင်ကာ ခလယ်၊တံခွန်တိုင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာက ဒေသခံ ၃၀၀၀ ကျော်မှာလည်းဆွေမျိုးတွေရှိအနီးအနားကကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)