သထုံမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်သေဆုံး

သထုံမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်သေဆုံး

မော်လမြိုင်၊ ဧပြီ၊ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ဖြူကျွန်းကျေးရွာမှဦ ဒီကနေ့ (ဧပြီ ၂၇ ရက်) မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မိုးကြိုးပစ်ခံရတဲ့အမျိုးသားဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီး မိုးရွာလေတိုက်လျှပ်စစ်လက်နေတဲ့ အချိန်မှာ သူဟာ လယ်ကွင်းမှာ အလုပ်လုပ်နေချိန် မိုးကြိုးပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ မိုးတွေရွာနေတယ်၊ အဲဒီအချိန်ကလေ လေကလည်း တိုက်၊ သူက တစ်ယောက်ထဲ လယ်ကွက်ထဲမှာ အလုပ်လုပ်နေတဲ့အချိန်၊ မိုးကြိုးပစ်ချတော့ သေသွားတယ်။” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်းတွေက သထုံခရိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – လူမှုကွန်ယက်