ဖာပွန်မြို့ သစ်တောဦးစီးဌာန မိုင်းခွဲတိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီး

ဇွန်လ ၁၄ရက်၂၀၂၃ခုနှစ်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ သစ်တောဦးစီးဌာနရုံး မိုင်းဆွဲတိုက်ခိုက်ခံပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖာပွန်မြို့ဒေသခံတွေဆီက သိရပါတယ်။

ဖာပွန်မြို့ သစ်တောဦးစီးဌာနရုံးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့ ည  သန်းခေါင်  ချိန်လောက်မှာ သွားရောက်ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“သွားခွဲတာကတော့ ညဘက်ခွဲတာ၊ ရုံးတစ်ရုံးဘဲ မိုင်းခွဲတော့မီးလောင်ပြီးပျက်စီးသွားတယ်၊ တခြားထိခိုက်တာတွေတော့မရှိဘူး၊ သွားခွဲပြီးတော့ ဘာမှမဖြစ်တော့ဘူး၊ မနက်ကျတော့ ပုံမှန်ဘဲ သွားလာနေကြတာဘဲ၊\” လို့ ဖာပွန်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ နှုတ်ထွက်ဖို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏသတိပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန် ဖာပွန်မြို့မှာ စစ်ကောင်စီတပ်၊ BGF တပ်က တစ်လကို  ရိက္ခာသယ်ယူခွင့်၅ရက်သာပေးထားပြီး ဖာပွန်−ကမမောင်းလမ်းကိုလည်း ပိတ်ထားတာကြောင့် ဖာပွန်မြို့ဒေသခံတွေမှာ ကုန်ဈေးနှုန်းတက်တဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Cj

Phar Si Than (People’s Radio Myanmar)