
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်လှမြို့နယ် ပဲခူးရိုးမအတွင်းရှိ ဇာမဲဏီဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးစစ်ကြောင်းကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စောင့် ကြို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်၁၂ နာရီဝန်းကျင်အချိန်မှာ ဇာမဏီဘက်ကနေဆင်းလာတဲ့ အင်အား ၁၅ ယောက်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးစစ်ကြောင်းကို ခါချဉ်တောင် ပတ်ကွေ့ကြီး အဆင်းကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးခဲ့စသလို ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“တိုက်ပွဲကြာချိန်က မိနစ် ၂၀ ခန့်လောက်ပေါ့၊ စကစဘက် ရှေ့ပြေးလာတဲ့ ၁၅ ဦးနဲ့ အပြန်အလှန်ည ပစ်ခတ်ကြရင်း ၇ ဦးထိထိမိမိမှန်ပြီးတော့ လဲကျတယ် ၂ ဦး ကတော့သေတယ် သူတို့ကတော့ ခလရ (၁) တပ်နဲ့ တပ်မ ၆၆ အောက်မှာရှိတဲ့ ကပစတပ်က စစ်သားတွေ” လို့ သူပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်နဲ့ နယ်မြေခံပြည့်သူ့ကာကွယ်ရေးပြည့်သူပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းစစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့မှ ၄၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူဆက်ပြောပါ တယ်။
“စစ်ကူလာတာက ဇာမဏီဘက်ကလာတာပဲ ကာကွယ်ရေးပစ္စည်းထုတ်တဲ့စက်ရုံကစစ်သားတွေ အင်အားတော့မသိရဘူး သူတို့ဘက်ကသိမ်းဆည်းရမိတာတော့မရှိဘူး စကစ က စစ်ကူတွေလာလို့လေ” လို့ သူကပြောပါတယ်။
ဒါ့အပြင် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၂ ဦးရဲ့ ရုပ်အလောင်းတွေလည်း လူမှုကူညီရေးအသင်းက မော်တော်ယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့တုန်းကလည်း ခါချဉ်တောင်ပေါ်က စစ်ကောင်စီဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၂၈၀၂ တပ်ခွဲ ၅ မှ မီးရှို့ဖျက်ဆီးခဲ့သလို စက်တင်ဘာလ ၁၆ ရက်နေ့ ကလည်း ခါချဉ်တောင်ကို ပြန်လည်သိမ်းယူဖို့ လာတဲ့အင်အား ၆၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီတက်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာ မကြာခဏကြားဖြတ် တိုက်ခံနေရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံနေရတာအပြင် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ သတင်းပေးသူ တွေမှာလည်း မကြာခဏရှင်းလင်းခံနေရတာဖြစ်တယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ရုပ်သံ – သာယာဝတီခရိုင် တပ်ရင်း၂၈၀၂ တပ်ခွဲ ၅
Phar Si Than (People’s Radio Myanmar)