KKPark ငွေလိမ်ခြံဝင်းက ထိုင်းဘက်ကူးလာတဲ့ အိန္ဒိယနိုင်ငံသား ၂၇၀ ဦးကို အန္ဒိယအစိုးရသံအမတ်အဖွဲ့ဆီ ထိုင်းအာဏာပိုင်တွေပြန်လွှဲပြောင်းပေး

 KKPark ငွေလိမ်ခြံဝင်းက ထိုင်းဘက်ကူးလာတဲ့ အိန္ဒိယနိုင်ငံသား ၂၇၀ ဦးကို အန္ဒိယအစိုးရသံအမတ်အဖွဲ့ဆီ ထိုင်းအာဏာပိုင်တွေပြန်လွှဲပြောင်းပေး

_
By – People’s Radio Myanmar
Date – 6 November 2025

ကရင်ပြည်နယ် မြ၀တီမြို့ရှိ KK Park ငွေလိမ်လုပ်ငန်းခြံဝင်းက ထိုင်းဘက်ကူးလာတဲ့ နိုင်ငံခြားသား ၁၅၉၈ ဦးကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးမှတ်ပုံတင်ခဲ့ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာတော့ ထိုင်းအာဏာပိုင်တွေက သက်ဆိုင်ရာနိုင်ငံတွေဆီ ပြည်နှင်ပြန်ပို့တဲ့ ပထမအသုတ်အဖြစ် အန္ဒိယ နိုင်ငံသား ကျား ၁၀၆ မ ၂၆ ဦး စုစုပေါင်း ၂၇၀ ဦးကို အန္ဒိယ နိုင်ငံဘန်ကောက်သံရုံးတာဝန်ရှိသူတွေ အန္ဒိယ တပ်မတော်စစ်လေယာဉ်နဲ့ လာရောက်လက်ခံခေါ်ယူခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

“မနက်ကစပြီ အန္ဒိယသံအမတ်အဖွဲ့တွေ စစ်လေယာဉ်နဲ့ လာတယ်၊ အိန္ဒိယ တွေက ၄၆၅ ယောက်ထဲက ၂၇၀ကို ပမထအသုတ်လာပြန်သယ်တာပေါ့ ၊ နောက်ရက်နောက်တစ်ခေါက်လာမယ်၊ ကျန်တဲ့သူတွေရယ် နောက်ပြီး ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်တွေကို နိုဝင်ဘာ ၁၀ ရက်အထိ လာပြန်သယ်မယ်တော့ပြောတယ်ဗျ၊ တချိုကတော့ မဲဆောက်ကနေ ဘန်ကောက်သံရုံးကိုကားနဲ့ ပို့မယ်၊ အဲ့ဒီကနေသူ့နိုင်ငံလေကြောင်းလိုင်းနဲ့ ပြန်ခေါ်မယ်လို့ စကားပြန်လုပ်နေသူသတင်းအရင်းအမြစ်က ပြောပါတယ်။

လက်ရှိ မဲဆောက်မြို့ဘက်မှာတော့ KKPark ငွေလိမ်ခြံဝင်းက အိန္ဒိယ ၄၆၅ ဦး၊ ဖိလစ်ပိုင် ၂၂၀ ဦး၊ တရုတ်၁၈၅ ဦး၊ ဗီယက်နမ်၁၅၁ ဦး၊ အီသီယိုးပီးယား ၁၃၀ ဦးအပါပါဝင် နိုင်ငံခြားသားအမျိုးသား ၁၃၃၃ ယောက်၊ အမျိုးသမီး ၂၆၅ ယောက် စုစုပေါင်း ၁၅၉၈ ယောက်ကို နိုဝင်ဘာ ၆ရက်ကနေ ၁၀ရက်အတွင်း ပြန်ပြီးလွှဲပို့မယ်လို့ သိရပါတယ်။

” အခု မဲဆောက်ဘက် ထိုင်းစစ်တပ်မိထားတဲ့ လူ ၁၅၀၀ကျော်ကိုတံတား၂ရယ်၊ တောမောင်းရုံးအချုပ်ရယ်၊ မြို့နယ်ခန်းမရယ်၊ စစ်တပ်ခန်းမရယ်မှာထားထားတယ်၊ နောက်ထပ်မိရင် ေတာ့နယ်စပ်ခိုးဝင်တာရယ်၊စစ်‌ဆေးလို့ ကျားဖြန့်က လူဆိုရင်ကျားဖျန့်လုပ်မှု့တွေနဲ့ ပါရဲအမှုဖွင့်တရားစွဲမယ်တော့ တောမောင်း ဌာနကစာထုတ်ထားတယ် ” လို့ ထိုင်း၊ အင်္ဂလိပ်၊ တရုတ်ဘာသာပြန်သူ သတင်းအရင်းအမြစ်ကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်ကနေ နိုဝင်ဘာလ ၂ရက်အထိ မဲဆောက်မြို့ဘက် ထွက်ပြေးလာတဲ့ ငွေလိမ်အလုပ်သမားတွေကို နေရပ်ရင်းနိုင်ငံတွေဆီစစ်ဆေးပို့ဆောင်တဲ့အစီအစဉ်ကို ထိုင်းအာဏာပိုင်တွေ ရပ်ဆိုင်းလိုက်ပြီး နောက်ထပ်ထွက်ပြေးလာသူတွေကိုတွေ့ရှိပါက ထိုင်းရဲတပ်ဖွဲ့ကနယ်စပ်ခိုးဝင်မှုအပြင် ငွေလိမ်လုပ်ငန်းရာဇဝတ်ပြစ်မှုတွေနဲ့ စစ်ဆေးအရေးယူသွားမယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *