ကော့ကရိတ်မြို့တွင်းမီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ်အလုံး၁၀၀ဝန်းကျင်ထပ်မံမီးလောင်

ဖေဖော်ဝါရီလ ၂၂ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ဖေဖော်ဝါရီလ ၂၁ရက်နေ့ မနက်၁၁နာရီအချိန်ရှို့မီးကြောင့် ကြာအင်းကုန်းကွက်သစ်နဲ့ တံတားဦးရပ်ကွက်တို့က နေအိမ်တွေမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဒါ့အပြင် ညနေ၅နာရီကျော်အချိန်မှာတော့စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်  KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့နေရာအနှံ့အပြားမှ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အထက်ရွာတစ်ဝိုက်ထပ်မံမီးလောင်ကျွမ်းခဲ့ပြီး တစ်နေ့ထဲမှာပဲနေအိမ်အလုံး၁၀၀ထပ်မနည်း မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူအမျိုးသားတစ်ဦးကပြောပါတယ်။

“တိုက်ပွဲကတော့နဲနဲပါးပါးပါပဲ မီးလောင်တာကြာအင်ကုန်းကွက်သစ်ကနေမီးစလောင်တာ တံတားဦးထိပဲညနေပိုင်းအချိန်လောက်ကျတော့အထက်ရွာအမှတ်၄ရပ်ကွက်ပြန်ထပ်လောင်တယ်အထက်ရွာပိုင်းက အလုံးကြီးတွေကျပြီးတော့ ၁၀မိနစ်လောက်ပဲပေါ့ တိုက်ပွဲဖြစ်လက်နကြီးတွေကျပြီးမီးလောင်တာပေါ့ ည၁၀နာရီလောက်မျှ မီးငြိမ်းသွားတယ် အိမ်ခြေတွေကတော့၁၀၀ပါသွားတာပေါ့”လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ကော့ကရိတ်မြို့တွင်းပစ္စည်းသွားပြန်ယူတဲ့သူတွေကို စစ်ကောင်စီတပ်ဘက်မှ သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့သလို ဒီနေ့မနက်ပိုင်းမျာလည်းမြို့တွင်းလက်နက်ငယ်သံတွေကြားနေရကာ ဒေသခံအမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတေတွကဆိုပါတယ်။

“ ဒီနေ့မနက်ကတော့မီးငြိမ်းသွားပြီ တိုက်ပွဲဖြစ်လို့ထိတဲ့သူတွေကတော့ရှိနေတုန်းပဲ ကိုယ့်အိမ်မီးလောင်မှာနဲ့ သူခိုးရန်ကြောက်လို့အိမ်စောင့်ပြီးနေတဲ့သူတွေကတော့ တိုက်ပွဲကြားထဲမြေစာပင်ဖြစ်တုန်းပေါ့” စစ်ရှောင်အမျိုးသားတစ်ဦးကဆိုသည်။

“မနေ့ကမီးလောင်တာတော့ကိုယ်တွေအိမ်လည်းမီးထဲပါသွားပြီတဲ့မနေ့ကမီးလောင်တာတံတားဦးကောအထက်ရွာကောဆိုရင်ခန့်မှန်း ၁၀၀ ဝန်းကျင်လောက်ရှိတယ်အဲ့ကအသိတစ် ယောက် လည်းပစ်ခံထိထားတယ် ဒီမနက် တစ်ယောက်ကတော့စိုးရိမ်ရတယ်အသေးနဲ့ပစ်ခံရတာ မဲမဲမြင်တာနဲ့ ဝင်ကိုက်နေပြီး အခုကတွေတဲ့ လူတွေကိုပစ်နေတာ” နောက်ထပ်စစ်ရှောင်တစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့တုန်းကလည်းကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြကာ ခလရ ၉၇တပ်ရင်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အမှတ်၂၊ဝင်းကြီးရပ်ကွက်က နေအိမ်၁၃လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)