ကြားအင်းဆိပ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်

 

ဇူလိုင်လ ၁၂ ရက်၊  ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်(ဝင်းရော်ဒေသ)အတွင်းကကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေထံမှသိရပါတယ်။

ဇူလိုင်လ ၁၂ ရက် နေ့ မနက် ၁၀ နာရီ၃၀ မိနစ်အချိန်က ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းကရွာတွေကို Mi 35 ရဟက်ယာဥ်တစ်စီးနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တံခွန်တိုင်ကျေးရွာရှိ ဒေသခံအမျိုးသား၁ဦးကပြောပါတယ်။

“ရွာနဲ့အနီးတဝိုက်ပဲရဟတ်ယာဉ်နဲ့အပေါ်မှာအကြာကြီးလှည့်ပတ်သေးတယ်ပြန်လှည့်လာမှာပဲကြောက်ရတယ်၊ကျတာကတော့ရွာနဲ့သိပ်မဝေးတဲ့ တောင်ကြား လယ်ကွက်တို့မှာရွာတော့မထိဘူးသွားကြည့်မရဲဘူး”လို့သူကပြောပါတယ်။

 စစ်ကောင်စီတပ်က Mi 35 ရဟက်ယာဥ်နဲ့ ဗုံး​သီး

 ၁၀လုံး ခန့်ကြဲချခဲ့တာ ဖြစ်ပြီး အဘစ်ကျေးရွာနဲ့ ပလိန်ကျေးရွာအနီးတဂိုက်မှာကျရောက်ပေါက်ကွဲခဲ့တယ်ဖြစ်တယ်လို့ ခလယ်ကျေးရွာကဒေသခံအမြို့သားတစ်ဦးကပြောပါတယ်။

“၁၀ခွဲလောက်မှာ အဘစ်ဖက်၊လေယာဥ်ဝဲတာတော့ ရွာဖက်တွေ ဝဲသွားတာ၊ထိတာကတော့ မသိဘူး ရွာထဲမှာပဲနေတာဆိုတော့၊ပစ်တာကတစ်နေရာလေ၊”လို့သူကပြောပါတယ်။

နောက်ဒေသခံအမျိုးသား တစ်ဦးကလည်း”လေယာဥ်နဲ့ပစ်တာကတော့ကြာတယ် ၁၀ မိနစ်လောက် ပစ်တယ်”လို့သူကပြောပါတယ်။

 ခလယ်- တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေမှာလည်း စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

ဒါ့အပြင် ဇွန်လ ၂၈ ရက်နေ့မှစတင်ကာ ခလယ်၊တံခွန်တိုင်၊မြို့ဟောင်း၊ ခလယ်ရွာလေး၊ဘုရားငါးဆူ၊ပုလိန်၊နန်းသိုက်ထွန်းရွာက ဒေသခံ ၃၀၀၀ လောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာတွေအပြင်လက်နက်ကြီးပစ်ခတ်တာကြောင့် ဆွေ​မျိုးတွေရှိအနီးအနားကကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

သတင်း- နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s radio myanmar)