ကြာအင်းဆိပ်ကြီးမြို့တွင်း တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေပြန်လည်ထွက်ပေါ်နေတာကြောင့် ဒေသခံတွေထပ်မံပြောင်းရွှေ့နေ

ဇန်နဝါရီလ ၃ရက်၊ ၂၀၂၃ခုနှစ်

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်မဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြို့တွင်းကဒေသခံတွေမှာ ထွက်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လူဦးရေ၁၀၀၀၀ဝန်းကျင်ရှိတဲ့ကြာအင်းဆိပ်ကြီးမြို့မှာ ဇန်နဝါရီလ၁ရက်နေ့ကနေစပြီး တိုက်ပွဲ ပြန်ဖြစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေမှာမြို့တွင်း မနေရဲကြတော့ပဲမော်လမြိုင်မြို့၊ ဘုရားသုံးဆူမြို့နဲ့အနီးအနားကျေးရွာတွေမှာ သွားရောက်နေ ထိုင်နေကြတယ်လို့ ဒေသခံအမျိုသမီးတစ်ဦးကပြောပါတယ်။

“မြို့ထဲမှာတော့တစ်မြို့လုံးကုန်တော့မယ်အိမ်စောင့်တွေလောက်ပဲကျန်တယ်အခုကစစ်တပ်ကပြောင်းခိုင်းတာလိုက်ပြောတာကရပ်ကွက်လူကြီးတွေတစ်ရက်နေ့ကစပြောင်းခိုင်းတယ်အခုကနီစပ်ရာဆွေမျိုးတွေဆီပြောင်းကြတယ်မော်လမြိုင်၊သုံးဆူနဲ့ကျေးရွာတွေပေါ့”လို့ သူကပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ကြာအင်းဆိပ်ကြီးမြို့တွင်းကဒေသခံပြည်သူတွေမှာထွက်ပြေးတိမ်း ရှောင်နေကြပြီးမြို့တွင်းကနေရာအများစုနဲ့ဆေးရုံးအနီးတစ်ဝိုက်မှာလည်း စစ်သားတွေကင်း ပုန်းဝပ်တာတပ်အထိုင်ချထားတာတွေကို လုပ်ဆောင်နေကြလို့ အခုလိုပြောင်းရွှေ့ခိုင်းတာကလည်း စစ်တပ်ကဝါဒဖြန့်နေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။

“အခုကရှောင်ခိုင်းနေတယ်ဘာလို့လည်းတော့မသိဘူးပြေးတော့ပြေးနေကြတာပဲဆေးရုံကို ကျတော့သူတို့အပိုင်စီးထားလိုက်ပြီးလေ လူနာတွေတောင်မနက်၇နာရီလာ၄နာရီထိုးရင် မောင်းချပြီး သူတို့အပိုင်စီးထားလိုက်ပြီးလေ မြို့ထဲမှာအခုကတော့စစ်တပ်ကဝါဒဖြန့် နေတာလို့ကြားနေတာပဲ”လို့ သူကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့တွင်းမှာတော့စစ်တပ်ကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာမျိုးတော့မရှိပေမဲ့အခုလိုမျိုးတိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်မြို့တွင်း ကျန်ရှိသူတစ်ချို့မှာလည်း အထိတ်တလန့်နဲ့နေနေကြရတယ်လို့ကျန်ရှိသူဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ၂ရက်နေ့ကလည်း စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်တပ်ကလက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံ၃ဦးသေဆုံးကာ၂၀ဦးထပ်မနည်းထိခိုက်ဒဏ်ရာခဲ့သလို နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တော်တော်များများမှာပြီးခဲ့တဲ့နိုဝင်ဘာလကနေ အခုဇန်နဝါလအစအထိကို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့လို့ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)