
မတ်လ ၂၇ ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲနေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အခု မတ်လ နောက်ဆုံးအပတ်ကနေစပြီး စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေမှာ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေပြီး ကော့ကရိတ်မြို့တွင်းစစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအထိုင်ချထားတဲ့နေရာဟာ အနဲငယ်သာကွာဝေးတော့တယ်လို့လဲဆိုပါတယ်။
“ နှစ်ဖက်လုံးကဝေးကြတာတော့မဟုတ်ဘူး ဟို့ဘက်ဒီဘက်လှမ်းပစ်နေကြတယ် ဒရုန်းတွေလည်းသူချကိုယ်ချပဲ မနေ့ကလည်းတိုက်ပွဲဖြစ်တယ် ဟို့တနေ့ကဆိုအပြင်တောင်ထွက်မရဘူး ”လို့သူကပြောပါတယ်။
မတ်လ၂၄ ၊ ၂၅ ၂ရက်အတွင်းမှာလည်း ကော့ကရိတ်မြို့တွင်းရှိ အမှတ် ၃ရဲစခန်း၊ တောင်ပေါ်ကျောင်းနဲ့ မြို့တော်ဦးနေရာတွေမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်မှ ၁၅ဦးသေဆုံးခဲ့သလို အများအပြားထိခိုက်ဒဏ်ရာရှိခဲ့ပြီးKNLAပူးပေါင်းတပ်ဖွဲ့ဘက်မှာလည်း ၄ဦးသေဆုံးခဲ့တယ်လို့လဲဆိုပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးလောက်ကို စိုးမိုးထားနိုင်ပြီးလို့ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဗိုလ်ကျော်ဟိန်းကဆိုပါတယ်။
“ ရန်သူကလည်းတောက်လျှောက် ဒရုန်းတွေလက်နက်ကြီးတွေနဲ့နေ့စဉ်နဲ့အမျှပစ်နေတာ အခုလက်ရှိ ကျားဖြူနဲ့ပူးပေါင်းတပ်ဖွဲ့တွေကတော့ နေရာ တော်ေတာ်များများထိန်းချုပ်ထားနိုင်ပြီ”လို့သူကဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်ကနေ နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင် ထိေတွ့ တိုက်ပွဲေတွလဲ ဆက်လက်ပြင်းထန်လာတဲ့အတွက် ကျေးရွာထဲ ပြန်လည်နေထိုင်တဲ့ဒေသခံတစ်ချို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့လဲ သိရပါတယ်။
ကော့ကရိတ်မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတာမှာ ၄လဝန်းကျင်ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံ၂၀၀၀၀ ကျော်မှာလည်း စစ်ဘေးလွတ်ရာ မြဝတီ၊ဘားအံ၊မော်လမြိုင်နဲ့ နီးစပ်ရာရွာတွေမှာစစ်ဘေးတိမ်းရှောင်နေရသလို မြို့တွင်းမှာလည်း နေအိမ်အလုံး၄၀၀ကျော်မီးလောက်ပျက်စီးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)