ကရင်ပြည်နယ်အတွင်း မိုးအဆင်မပြတ်ရွာသွန်းတာကြောင့် တော်လှန်ရေးအင်အားစုတွေမှာ mission ကြန့်ကြာနေ

သြဂုတ်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်အတွင်းကဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာကြောင့် ဒေသတွင်းတော်လှန်ရေး အင်အားစုတွေမှာ mission တွေမှာ ကျန့်ကြာမှုရှိနေတယ်လို့ သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီး၊ရေလျှံမှုတွေဖြစ်‌ပေါ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နေထိုင်စားသောက်ရေး အခက်အခဲကြုံတွေ့နေရတဲ့အပြင် မိုးရွာသွန်းတဲ့အခါမှာလည်း ဒရုန်းကိုအသုံးပြုကာ mission လုပ်ဆောင်လို့မရေတာ့ဘူးလို့ Cloud Wings ဒရုန်းအဖွဲ့မှ တာဝန်ခံကိုငြိမ်းကပြောပါတယ်။

“အခုအခါက မိုးတွင်းဖြစ်နေတော့ ပွင့်လင်းရာသီထက် ပိုပြီးကြုံတွေ့ နေရတာကတော့ နေရေးထိုင်ရေး စားရေးသောက်ရေး သွားရေးလာရေး ကစပြီးတော့ပေါ့နော် အစစအရာရာခက်ခဲနေတာတော့ ရှိတယ်ပေါ့နော် ပိုဆိုးတာက ကျွန်တော်တို့က ဒရုန်းပိုင်းကိုအသုံးပြုပြီးတော့ တိုက်ခိုက် ရတာဖြစ်တဲ့အတွက် ရာသီဥတုမကောင်းရင်ဒ ရုန်းတွေကလည်း ပျံတက်လို့မရဘူး ကျွန်တော်တို့ mission တွေကဆောင်ရွက်လို့မ ရဘူးပေါ့” လို့ သူကပြောပါတယ်။

ကျုံဒိုးမြို့နယ်အတွင်းမှာလည်း မိုးဆက်တိုက်ရွာသွန်းကာ ရေဆက်လက် မြင့်တက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားလာရေးခက်ခဲနေပြီး ရေပြန်ကျမဲ့အချိန်ကိုသာ စောင့်ဆိုင်းနေရ တယ်လို့ ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အရမ်းခက်ခဲတာပေါ့ လူမပြောနဲ့ ကားတွေတောင်ဖြတ်မရတာအခုထဲက တချို့နေရာတွေဆိုသွားတာ လမ်းလျှောက်တော့ ရဲဘော်တွေ ကျန်းမားရေးဘာတွေ တစ်ခုမှမကောင်းဘူး၊ ရိက္ခာလည်းအခက်ခဲ ဖြစ်တာပေါ့ ဒီမိုးတွင်းဆိုတော့ အရင်ကတော့ တနေရာနဲ့နေရာသွားရတာ မြန်ဆန်တယ်ပေါ့ အခုကတော့ ရေကျအောင်စောင့်ရတဲ့အ ချိန်တွေ တော်တော်များလားတာပေါ့” လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုလို မိုးတွေဆက်တိုက်ရွာသွန်းနေကာ ရေကြီးရေလျှံ နေပေမဲ့လည်း ရိက္ခာသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ mission လုပ်ငန်းစဥ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်နေပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုတွေအားလုံးကလည်း အခုလိုအခက်ခဲမျိုးကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ Cloud wings ဒရုန်းအဖွဲ့မှ တာဝန်ခံ ကိုငြိမ်းကဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းက ဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးတွေဘက်မှာ မိုးရွာသွန်းကာ ရေကြီး ရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ KNLA စစ်ရေးသတင်းအရင်းအမြစ်တွေ ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)