ညောင်ပင်ကွင်းရွာမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၂ဆောင်ပျက်စီး

 ညောင်ပင်ကွင်းရွာမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၂ဆောင်ပျက်စီး

By− နော်အယ်နီး

Date- July 24, 2025

တနင်္သာရီမြို့နယ်၊ ညောင်ပင်းကွင်းရွာမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖစ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင်လ ၂၃ရက်နေ့၊ နေ့လည် ၁၂နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၂နာရီလောက်မှာတစ်ကြိမ် စုစုပေါင်း တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်တွေဘက်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ကူပေးနေခဲ့တာကြောင့် ကျည်တွေဟာ ညောင်ပင်းကွင်းရွာထဲ ကျရောက်ပေါက်ကွဲတာဖြစ်တယ်လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။ 

“ ဒီနေ့တော့မဖြစ်သေးဘူး။ မနေ့က နှစ်ကြိမ်ဖြစ်သွားတယ်။ စစ်တပ်ဘက်က သေတာရှိတယ်။ ခမရ ၅၆၁က လာသယ်သွားတယ်” လို့သူက အခုလိုပြောပါတယ်။ 

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ညောင်ပင်ကွင်းရွာက နေအိမ် ၂ဆောင်ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။ 

“ ရွာထဲမှာ လူသိပ်မနေဘူး။ ကြာပြီ။ နဘေးက ရွာတွေမှာ သွားနေတာ။ တချို့ကလည်း ရှောင်နေတာပေါ့” လို့သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လက တနင်္သာရီတိုင်းအတွင်း စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် ၇ဆောင်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ FE5 Thanintharyi ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ 

ပုံ− ညောင်ပင်ကွင်းရွာ

Leave a Reply

Your email address will not be published. Required fields are marked *