BGFတပ်နှင့် စစ်တပ်ညှိနှိုင်းပြီးနောက် ကျားဖြန့်ငွေလိမ်လုပ်ငန်း KKPark နေရာကို ဝင်းစီးနင်းဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်တပ်ကလိမ်လည်ထုတ်ပြန်

 BGFတပ်နှင့် စစ်တပ်ညှိနှိုင်းပြီးနောက် ကျားဖြန့်ငွေလိမ်လုပ်ငန်း KKPark နေရာကို ဝင်းစီးနင်းဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်တပ်ကလိမ်လည်ထုတ်ပြန်



By − People’s Radio Myanmar
Date – October 20, 2025

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာ သောင်ရင်းမြစ်အနီးက KKpark တရုတ်တရားမဝင် လောင်းကစားရုံနဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေလုပ်ပိုင်ခွင့်ပေးထားတဲ့ BGF တပ်ဖွဲ့ပိုင်နေရာတွေက စတားလင့်ခ် အင်တာနက်ဝိုင်ဖိုင်ဗန်းတွေသိမ်းဆည်းတာ၊ ကွန်ပျူတာမော်နီတာတွေ စုပုံမီးရှို့တာတွေလုပ်ပြီး ဓါတ်ပုံမှတ်တမ်းရိုက်ယူပြီး စစ်တပ်က KKpark နေရာကိုဝင်ရောက် ထိန်းချုပ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ လိမ်လည်သတင်းထုတ်ထားပါတယ်။

အဲ့ဒီလိုလုပ်ဖို့အတွက် အောက်တိုဘာ ၁၅ ကနေ ၁၈ ရက်အထိ မြဝတီစစ်တပ်ဗျူဟာတာဝန်ရှိအရာရှိတွေနဲ့BGF ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးအောက်တိုဘာလ ၁၉ ရက် ညနေပိုင်းက စစ်တပ် ၊ BGF တပ်ပူးပေါင်းအဖွဲ့ တွေ KKpark ကျားဖြန့်ငွေလိမ်လုပ်ငန်း လုံးခြင်းအိမ်ယာဝင်းတွေကို ဝင်ရောက်လာကာ အိမ်ယာတိုက်ခန်းများထဲဝင်ရောက်စီးနှင်းနေတဲ့ပုံစံတွေ ဓါတ်ပုံရိုက်ပြီး မင်းလက်ပံကျေးရွာဘက်ကနေ မြဝတီဘက်ပြန်သွားကြတယ်လို့ အခြေအနေ သိတဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

“မြဝတီ ၂၇၅ က ဗျူဟာလူကြီး တွေနဲ့ BGF ဗိုလ်မောင်ဝင်း၊ ဗိုလ်တင်ဝင်းတို့တွေ ညှိနှိုင်းနေတာ အဆင်မပြေဖြစ်နေတယ်ဆိုတာ အရင် ၁၆ ရက် ၁၇ လောက်ကတည်းက ကြားသိနေတယ်၊ နောက်တော့ စစ်တပ်က BGF ယူနီဖောင်းနဲ့ စစ်ကူတက်တယ်၊ BGFက စစ်တပ်ယူနီဖာင်းနဲ့ ၈၈၈ လုံး BGF တပ်တွေ မင်းလက်ပံ ၊အင်ကြင်းမြိုင်ဘက် ဝင်တိုက်မယ်လို့ သတင်းလွှင့်တယ်၊ ပြီးတော့ KKpark ဝင်းထဲက လုံးခြင်းတိုက်တန်းတွေဘက်ကို ဝင်စစ်တယ် ဓါတ်ပုံရိုက်ပြီး KKparkက KNU တွေ ငွေလိမ်လုပ်ငန်းလုပ်နေတယ်ဆိုပြီး လိမ်လည်သတင်းတုတွေတင်နေတာပါ “လို့ ပြောပါတယ်။

အဲ့ဒီလို KKpark နေရာကို ဝင်စီးတယ်လို့ သတင်းလွှင့်နေပေမယ့် တစ်ဆက်တည်းရှိနေတဲ့ KKpark အဓိကနေရာအပြင် ၊AApark, ဧကတစ်ရာတရုတ်ဆိုဒ်၊ BGF ဗိုလ်မုတ်သုန် ကျားဖြန့် ခြံဝင်းနေရာတွေကို ဝင်ရောက် စီးနင်းတာမျိုးမလုပ်ခဲ့ဘူးလို့ သိရပါတယ်။

အခုလို တရုတ်ငွေလိမ်လုပ်ငန်းလုပ်ကြတဲ့ တရားမဝင်တရုတ်အိမ်ယာဝင်းတွေ က ကွန်ပျူတာ စတိုခန်းက မော်နီတာအပျက်အစီးတွေကို မီးပုံရှို့တာလုပ်ပြီးဓါတ်ပုံရိုက်ပေမယ့် အဓိကငွေလိမ်လုပ်ငန်း အသုံးပြုတဲ့ ကွန်ပျူတာစစ်စတန်ယူနစ်ပုံးတွေကိုတော့ သိမ်းယူတာမျိုးမလုပ်တဲ့အပြင် တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားလူထောင်ချီရှိနေတာကိုလည်း ဖမ်းဆီးတာမျိုးမလုပ်ဘဲ BGF တပ်ကတစ်ဆင့် နေအိမ်အဆောက်အဦးစာရင်းနဲ့ လူဦးရေးစာရင်းသာ တောင်းယူသွားတယ်လို့ သိရပါတယ် ။

” သူတို့က KNU ကို သိက္ခာချပုံဖျက်ခြင်းလို့ ဟန်ပြလာလုပ်တာမျိုးဘဲ၊ BGF ၊DKBA ၊ PC နဲ့ တပ်က ဒီနေတွေကနေ အချိုးကျငွေ အကောက်အစားရနေတာ အများကြီးရှိနေတယ်၊ နောက်ပြီးမြဝတီမြို့ပေါ်မှာ ကျားဖြန့်တွေ တစ်ပုံကြီးရှိ တယ် ဝင်မစစ်ဘူး၊ ကုက္ကိုလ်လည်း သွားမလုပ်ကြဘူးလေ၊ နောက်ထပ်ဘာတွေ လိမ်ပြမလည်းတော့ စောင့်ကြည့်ရမှာပါဘဲ ” လို့ ကျားဖြန့်လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *