မန္တလေးမြို့ Barတစ်ခုတွင် မီးလောင်‌မူကြောင့်မန်နေဂျာအမျိုးသမီးတစ်ဦးအပါဝင် အမျိုးသမီး လေးဦး သေဆုံး

မန္တလေးမြို့ Barတစ်ခုတွင် မီးလောင်‌မူကြောင့်မန်နေဂျာအမျိုးသမီးတစ်ဦးအပါဝင် အမျိုးသမီး လေးဦး သေဆုံး


By- နန်းရတနာအောင်

Date- 28.May.2025


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၇လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ Barတစ်ခုတွင် ယနေ့ မေ၂၈ရက် နံနက် ၉နာရီ‌ကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မန်နေဂျာအမျိုးသမီးတစ်ဦးအပါအဝင် Barဝန်ထမ်းအမျိုးသမီးလေးဦး သေဆုံးမူဖြစ်ပေါ်ခဲ့ ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

“သေဆုံးသွားသူတွေက မန်နေဂျာအမျိုးသမီးရယ်၊ အကင်ပိုင်းတာဝန်ယူထားတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ဧည့်ကြိုအမျိုးတစ်ဦး စုစုပေါင်း လေးဦးဖြစ်ပါတယ်”ဟု ၎င်းက PRMသို့ ပြောကြားသည်။

မီးလောင်မူဖြစ်ပေါ်ခဲ့သည့်နေရာသည် မန္တလေးမြို့အလယ်ဖြစ်ပြီး မီးလောင်ရာသို့ နယ်မြေခံမီးသတ်ယာဉ်များထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက် ၁၀နာရီအချိန် မီးထိန်းနိုင်၍ နံနက်၁၀နာရီ ၈မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မူဖြစ်စဥ်နှင့်ပတ်သက်၍ အမျိုးသမီးရုပ်အလောင်း လေးဦးတွေ့ရှိရပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကို PRMအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

#peopleradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *