မန္တလေး ငလျင်လူပ်ခတ်မူ နှစ်လပြည့် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့် လေးထပ်တိုက်ထပ်မံပြိုကျ လူထိခိုက်မူရှိ

 မန္တလေး ငလျင်လူပ်ခတ်မူ နှစ်လပြည့် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့် လေးထပ်တိုက်ထပ်မံပြိုကျ လူထိခိုက်မူရှိ


By- နန်းရတနာအောင်

Date- 28.May.2025


မန္တလေး ငလျင်လူပ်ခတ်မူ နှစ်လပြည့် ယနေ့ မေ(၂၈) ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ လေးထပ်တိုက်တစ်လုံး ထပ်မံပြိုကျမူဖြစ်ပွားခဲ့ပြီး လူထိခိုက်မူရှိခဲ့ကြောင်း လူမူကူညီရေးဆောင်ရွက်နေသည့် အဖွဲ့ထံမှ သိရှိရသည်။

အဆောက်အဦးပြိုကျခဲ့မူဖြစ်ပေါ်ခဲ့သည့်နေရာမှာ ၈၄လမ်း၊ ၃၉လမ်းနှင့် လမ်း၄၀ကြားရှိ လေးထပ်တိုက်တစ်လုံးထပ်မံပြိုကျမူဖြစ်ပေါ်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ထပ်ပြိုကျသွားတဲ့ အဆောက်ဦးက အရင်ငလျင်ဒဏ်ထိပြီး ပြိုထားတဲ့တိုက်ပါ။ အခုရက်ပိုင်းမိုးကလည်းရွာ‌တော့ မိုးဒဏ်နဲ့ ထပ်ပြီး ပြိုကျသွားတဲ့သဘောပါ။ အမျိုးသားတစ်ဦး ခြေထောက်ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာတော့ ရသွားတယ်”ဟု လူမူကူညီရေး လုပ်ဆောင်ပေးရသည့် အဖွဲ့ဝင်တစ်ဦးက PRMသို့ ပြောကြားသည်။

ယခုရက်ပိုင်း မန္တလေးမြို့တွင် မကြာခဏမိုးသည်း ထန်စွာရွာသွန်းမူများအပြင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မူများ နေ့စဉ်နီးပါးဖြစ်ပေါ်လျက်ရှိခြင်းကြောင့် အဆောက်အဦးပြိုကျမူများ ဖြစ်ပေါ်ကာ လူသေဆုံးမူများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ ၂၈ရက်က စစ်ကိုင်းမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့‌ေသာ ရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိ ငလျင်ကြောင့် မန္တလေးမြို့ပေါ်အပါအဝင်စစ်ကိုင်းအခြားနီးစပ်ရာ ဒေသများရှိ အဆောက်အအုံအများအပြား ပြိုကျပျက်စီးကာ လူထိခိုက်သေဆုံးသူ ထောင်နှင့်ချီ ရှိခဲ့သည်။

#peopleradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *