
မေလ ၂၃ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမှာလောင်းကစားဝိုင်းတွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်− DKBA ဗိုလ်အေဝမ်းရဲ့ တပြည့်ဖြစ်သူ ဗိုလ်နိုက်ကလပ်က ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေဖွင့်လှစ်ထားတဲ့နောက်ပိုင်း ခိုးယူမှုတွေ နဲ့ လိမ်လည်မှုတွေပိုမိုများပြားလာတယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ရှိ အမှတ်(၁) ရပ်ကွက်နဲ့ အမှတ်(၃) တိုးချဲ့ရပ်ကွက်မှာDKBAတပ်ဖွဲ့ တွေဦးဆောင်ဖွင့်လှစ်ထားတဲ့လောင်းကစားဝိုင်းတွေ၊မူးယစ်ဆေးဝါးရောင်းဝယ်မှုေတွကြောင့် မြို့တွင်းအပြင် အနီးအနားကျေးရွာတွေမှာပါ ခိုးမှု၊လိမ်လည်မှုတွေအရင်ကထပ်ပိုမိုများပြားလာတယ်လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
“အဲ့ဒီနေရာမှာ အပြုတ်ရည်၊မြင်းဆေး၊ပန်းသီးပုံး၊အနီထောင်ဝိုင်း၊ဖဲဝိုင်းအကုန်ရှိတယ် လောင်းကစားဝိုင်းတွေက NLDအစိုးရလက်ထက်ကတည်းအခုအာဏာသိမ်း တော့ပိုဆိုး လာတယ် တချို့အနီးကရွာကတွေဆိုရင်းလည်း ဖဲကစားလို့ အိမ်ပေါင်ခြံပေါင်အများကြီးပဲ သူတို့ကရောင်းလို့ရတဲ့ဟာမှန်သမျှအကုန်ခိုးတယ် အလွဲသုံးစာတွေကပိုများတယ် ဆိုင်ကယ်တစ်ချက် ငှားပြီးရင် တစ်နေရာမှာရောင်းစားလိုက်အဲ့ဒီလိုမျိုးကပိုများတယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြာအင်ဆိပ်ကြီးမြို့မှာ ညမထွက်ရ အမိန့်ကို ညနေ(၆)နာရီကနေ မနက်(၆)နာရီအထိထုတ်ပြန်လိုက်ပြီး လောင်းကစားဝိုင်း သွားလာသူတွေကိုတော့ ဖမ်းဆီးတာမျိုးမရှိသလို ခိုးမှုတွေ လိမ်လည်မှုတွေကိုလည်း DKBA အဖွဲ့ကသာအများစုရှင်းပေးတာဖြစ်တယ်လို့ဒေသခံတစ်ဦးကဆိုပါတယ်။
“ပြဿနာဖြစ်လာရင် DKBAကဖြေရှင်းတာများတယ်ပစ္စည်းပြန်ရတာမျိုးတော့မကြားဘူး အချိန်တစ်ခုသတ်မှတ်ပြီး ပြန်လျှော်ခိုင်းတာမျိုးပေါ့ ညဘက်လောင်းကစားဝိုင်း သွားတဲ့ သူတွေကိုဖမ်းလို့မရဘူး DKBA ကသူ့လက်နက်ကိုင်လုံခြုံရေးရှိတယ်”လို့ဆိုပါတယ်။
အဲ့ဒီလောင်းကစားဝိုင်းတွေကရတဲ့ အခွန်အကောက်တွေကိုလည်း မြို့အနီးတစ်ဝိုက်မှာရှိတဲ့KNUအဖွဲ့အစည်းတချို့ကိုအကောက်ခွဲတမ်းတွေပေးနေတာမျိုးတွေလည်းရှိနေတယ်လို့လဲ သတင်းတွေထွက်ပေါ်နေပါတယ် ။
ဒါ့အပြင် ကမမောင်းမြို့နယ်အတွင်းမှာလည်း အဆိုပါလောင်းကစားဝိုင်းတွေကို နယ်ခြားစောင့်တပ်BGF ကဦးဆောင်ဖွင့်လှစ်ထားတာကြောင့် လောင်းကစားဝိုင်း ရဲ့ အနီးနားတွေမှာရှိတဲ့ နေအိမ်၊တွေအပြင် မြို့ထဲက နေအိမ် ၊ ဆိုင်ခန်းေတွဖောက်ထွင်းခံရသလို ၊ဆိုင်ကယ်ေတွလဲ မကြာခဏခိုးခံရပါတယ် ။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ဘားအံ၊လှိုင်းဘွဲနဲ့ကောကရိတ်မြို့အနီးရှိ ကျေးရွာတွေဘက်မှာ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ပူးပေါင်းပြီး အာဝါဒေးလောင်းကစားဝိုင်းတွေကိုပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံစာ- ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဘားအံမြို့တနေရာက လောင်းကစားဝိုင်းများ
Phar Si Than(People’s Radio Myanmar)