မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်ရှိ တံတားတစ်စင်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခံရလို ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

မေလ ၂၃ရက် ၂၀၂၄ခုနှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြိုအနီး၊ မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်ရှိ တံတားတစ်စင်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို ဒေသခံတွေဆီက သိရပါတယ်။

ဘီးလင်းမြိုအဝင်၊ တောင်ကလေးကျေးရွာအနီးရှိ မစောတံတားကို ဒီကနေ့ မေလ ၂၃ရက်နေ့ မနက် ၄ နာရီလောက်မှာ အမည်မသိအဖွဲတစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တံတားကျိုးကျပျက်စီးခဲ့သလို တံတားပေါ်မှာ ဖြတ်သွားတဲ့ အမျိုးသား ၄ ဦး မှာ တစ်ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို ကျိုက်ကော်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

“ တံတားကပေါက်ကွဲမှုဖြစ်ပြီး ကျိုးကျသွားတယ်၊ ဆိုင်ကယ်က လမ်းဖြတ်သွားရင်း ပေါက်ကွဲပြီးကျတာလားသေချာတော့မသိဘူး၊ တစ်ယောက်သေတယ်ပြောတယ်၊ ကျန်တဲ့လူတွေကိုတော့ ဘီးလင်းဆေးရုံကိုခေါ်သွားကြတယ်၊” လို သူကပြောပါတယ်။

အခုလို တံတားမိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ဘီးလင်းမြိုတိုးဂိတ်မှာ ကားလမ်းပိတ်မိနေသလို ဒေါက်ရပ်ရွာလမ်းကနေ သွားတဲ့လမ်းမှာလည်း ကားတွေပိတ်မိနေတာကြောင့် ၃ နာရီကျော်ကြာ သွားခဲ့ရတယ်လို ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“မနက် ၈ နာရီခွဲလောက်ထဲက ရွာလမ်းကနေသွားတာ ၁၁ နာရီကျော်တဲ့အထိ ထွက်လိုမရဘူး၊ လမ်းကမကြာဘူး၊ ကားပိတ်တာ၊ ဆီဘောက်ဆာကားတွေကော၊ Express ကားတွေကော ပိတ်မိနေတာ၊” လိုသူကပြောပါတယ်။

အခုလို တံတားကို မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သတ်ပြီး စစ်ကောင်စီတပ်ထောက်ခံတဲ့ သတင်းဌာနတွေမှာတော့ KNU၊ PDF တွေကလုပ်ဆောင်တယ်လို ရေးသားဖော်ပြနေပေမဲ့ ဘယ်အဖွဲကလုပ်ဆောင်ခဲ့တယ်ဆိုတာတော့ ကျွန်တော်တို People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်ရှိ တံတားတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံနေရသလို ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ကားလမ်းပတ်ဆိုတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၀ ရက်နေ့ကလည်း မော်လမြိင်-ရန်ကုန် ရထားလမ်းမိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ခရီးစဉ်ရပ်နားခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း-ကိုဖြိုး
ပုံစာ ။ မေလ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ မော်လမြိုင် – ရန်ကုန်ကားလမ်းမပေါ်က တံတား
Phar Si Than(People’s Radio Myanmar)