အောင်ဇေယျစစ်ဆင်ရေးမှာ စစ်‌ေကာင်စီတပ်သား‌ေတွအထိအခိုက်များတဲ့အတွက် လူအင်အားဖြည့်တင်းဖို့ကြိုးစားနေ

မေလ ၁၄ရက် ၂၀၂၄

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်အတွင်းရှိ၊ဒေါနတောင်ကြောကို ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ဆင်ရေးမှာပါဝင်လာတဲ့ စစ်ကောင်စီတပ်သား‌ေတွ အထိအခိုက် များပြားလာတဲ့အတွက် လူ အင်အားဖြည့်တင်းဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

ဧပြီလ၊ လလယ်လောက်ကတည်းကထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း နဲ့  KNLAပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွား‌နေသလို စစ်တပ်ဘက်ကလဲ  ထိခိုက်သေဆုံးတာတွေလည်းများပြားလာတဲ့အတွက် လူအင်အားဖြည့်တင်းဖို့ကြိုးစားနေပေမဲ့လည်းရှေ့ဆက်တိုးနိုင်တာမျိုးမရှိသေးဘူးလို့ စစ်ရေးနယ်မြေသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

“တပ်ပြန်ဆုပ်တာမျိုးတော့မရှိသေးဘူး အခုက အင်အားအစားထပ်ဖြည့်ပြီးတော့ တက်ဖို့ကြိုးစားနေတာပေါ့ ဒါပေမဲ့ သိသိသာသာရှေ့တိုးနိုင်ခြင်းတော့မရှိဘူး”ပေါ့လို့သူကပြောပါတယ်။

အခုလက်ရှိအချိန်ကော့ကရိတ်မြို့မှာလည်း အမှတ်(၅) ရပ်ကွက်နဲ့ အမှတ်(၇)တံတားဦးရပ်ကွက် နှစ်ခုမှာသာ မြို့ခံနေပြည်သူတွေ
အများဆုံးပြန်လည်နေထိုင်ကြသလို  စစ်‌ေကာင်စီတပ်ရဲ့ ခလရ (၉၇)တပ်ကနေလဲ အမြဲလက်နက်ကြီးတွေနဲ့ မြို့ပြင်ဘက်ကိုပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။

“အစ်မကတော့ကလေးတွေနဲ့ပြန်မနေရဲဘူး ဈေးတွေလည်းဖွင့်တယ်ဈေးသည်တွေလည်းများခဲ့တယ်တဲ့ မြို့ထဲမှာတော့မှရှိဘူးပေါ့ အစ်မတို့နေတဲ့ အမှတ်( ၅) ရပ်ကွက်ဘက်တို့ဘာတို့ကတော့ လူများတယ်အမှတ် ၆တို့ဘက်တွေတော့လူသိပ်မရှိဘူး”လို့ဆိုပါတယ်။

ဒါ့အပြင် အခုတစ်ပတ်အတွင်းမှာပဲ  ကျားဖြူစစ်ကြောင်းတပ်စွဲ ၁ ဆီကို စစ်ကောင်စီတပ်သား (၂) ဦး လက်နက် နဲ့ အလင်းဝင်လာသလို အမှတ် (၃၁) ဗျူဟာဆီကိုလဲ စစ်ကောင်စီတပ်သား (၃) ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်

မေလ( ၉)ရက်နေ့တုန်းကလည်း မြဝတီကိုစစ်ကူလာတဲ့ အောင်ဇေယျစစ်ဆင်ရေးမှာပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA၊PDFပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဖောကား၂စီးပျက်စီးခဲ့တဲ့အပြင် စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-ကျားဖြူစစ်ကြောင်း

Phar Si Than (People’s Radio Myanmar )