
မတ်လ ၃၀ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြိုမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင်ရှိ မီးတွေကြောင့် တစ်ရက်တည်းမှာပဲမီးလောင်ကျွမ်းမှု၂ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒေသခံတွေဆီကနေသိရပါတယ်။
ခလရ ၉၇ တပ်ရင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကော့ကရိတ်မြို အမှတ် ၇ ရပ်ကွက်၊ အမှတ်၄ရပ်ကွက် ကြားအင်းကုန်းနဲ့ အထက်ရွာ တွေဘက်ကို မတ်လ ၂၉ ရက်နေ့ မနက်၁၁နာရီမှာတစ်ကြိမ် ၊ ညနေ၄နာရီမှာ တစ်ကြိမ် ဒရုန်းနဲ့မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့လို ည ၁၁နာရီကျော်တဲ့အထိ မီးဆက်လက်လောင်ကျွမ်းနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
“အိမ်တွေတော့အများကြီးပါသွားတယ် ၃နေရာတောင်ဆိုတော့ ဒရုန်းဗုံးသီးကျလိုအမှတ် ၇ ဝက်သတ်ရုံ အနောက်လမ်းက အဖွားအိမ်တစ်အိမ်တော့ပါသွားတယ်”လိုသူကပြောပါတယ်။
အခုမတ်လ နောက်ဆုံးအပတ်အတွင်း ကော့ကရိတ်မြိုမှာ နေ့တိုင်းလိုလို စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေသလို မီးလောင်ကျွမ်းတာမှာလည်း ၃နေရာလောက်လောင်ကျွမ်းခဲ့တာကြောင့်မီးလောင်ပျက်ဆီးသွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးဘူးလိုကော့ကရိတ်မြိုခံတစ်ဦးကဆိုပါတယ်။
“ ဆွေမျိုးတွေအိမ်လည်းပါသွားတယ် အဲ့ဒီဘက်တွေကိုပေးမသွားတော့မြိုထဲရှိနေတဲ့သူတွေလည်း အတိအကျပြောမနိုင်သေး၊ အိမ်တွေကတော့များတယ် ညဘက်ဖြစ်တော့ပိုဆိုး ၊တစ်မြိုလုံးလည်း ရစရာမရှိတော့ဘူး” လိုဆိုပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ၁ရက်နေ့ကနေစပြီး စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာမှာ ၄ လဝန်းကျင်ရှိနေပြီဖြစ်ပြီး မြိုတွင်းမှာ နေအိမ် အလုံး၅၀၀ ဝန်းကျင်ခန့် မီးလောင်ပျက်စီးခဲ့ပြီဖြစ်သလို စစ်ရှောင်နေရတဲ့ ဒေသခံ ၂၀၀၀၀ ကျော်မှာလည်း နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို စစ်ရှောင်ပြည်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)