
***************
ဖေဖော်ဝါရီလ ၁၃ ရက်၊၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် KNLA၊PDFပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မနက် ၅နာရီ၃၀မိနစ်ဝန်းကျင်အချိန်ကနေ မနက်၁၁နာရီလောက် ထိကို စစ်ကောင်စီတပ်လက်အောက်ခံ ခလရ (၉၇)တပ်ရင်းအနီးတစ်ဝိုက် စစ်ကောင်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာဝင်းကြီးရပ်ကွက်တောင်စွန်းတံတားအနီးမှာလည်း မီးလောင်ကျွမ်းနေတယ်လို့ကော့ကရိတ်မြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“တိုက်ပွဲက ၉၇ကိုဝင်ပစ်တာ တိုက်ပွဲကအခုထိမပြီးသေးဘူးလေ ပစ်တုန်းပဲ အခုကဝင်းကြီး အမှတ်၂ တောင်စွန်းတံတားအနီးတစ်ဝိုက်မှာမီးလောင်နေတယ် ဒီမနက်၅နာရီခွဲလောက် ကနေစဖြစ်တာ အခုလည်းတိုက်ပွဲတွေတောင်မပြီးသေးဘူးအခုထပ်ကြားတယ် မြို့တော် ဦးဘက်လောက်မှာပေါ့ သေချာတော့မသိရသေးဘူး”လို့သူကပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်ဘက်မှလည်း နယ်မြေခံတော်လှန်ရေးအင်အားစုတွေ သွားနိုင်တဲ့လမ်းတွေနဲ့ ရပ်ကွက်တွေကို ကော့ကရိတ်မြို့အခြေစိုက် စကခ ၁၂ မှလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊မီးရှို့တာမျိုးတွေကိုနေ့တိုင်းလုပ်ဆောင်နေတာဖြစ်တယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ၅ တပ်ခွဲမှူးရဲဘော်သောမတ်ကဆိုသည်။
“ကျွန်တော်တို့ရောက်နေပြီတို့ ဒါမှမဟုတ် ကျွန်တော်တို့လာနိုင်မဲ့လမ်းတွေရပ်ကွက် တွေမှန်သမျှမီးရှို့တာမျိုးတွေ၊လက်နက်ကြီးနဲ့ပစ်တာမျိုးတွေဟောင်ဝစ်ဇာနဲ့ပစ်တာမျိုးတွေပေါ့နော် စကခ ၁၂က သူတို့နေ့စဉ်ရက်ဆက်ကိုသူတို့လုပ်နေတာပေါ့”လို့ဆိုသည်။
ဖေဖော်ဝါရီလ ၁၂ရက်နေ့ နေ့လည်၂နာရီဝန်းကျင်အချိန်ကနေစစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ နေရာအနှံ့အပြားကနေလက်နက်ကြီးတွေနဲ့ပစ်ခဲ့တာကြောင့် အမှတ် ၃ ရပ်ကွက် အထက ၁ ကျောင်းအနီးကနေအိမ်၂လုံးမီးလောင်ပျက်စီးခဲ့ကာ မြို့တွင်းအခြေအနေသွားရောက်ကြည့်ရှုသူတွေကိုလည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များဖြင့်လိုက်လံပစ်ခတ်ခဲ့ပါသေးတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ကော့ကရိတ်၊ကျုံဒိုး၊ကြာအင်းဆိပ်ကြီး၊သံတောင်နဲ့ ကျိုက်ဒုံမြို့တွေဘက်မှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေသလို့ ကော့ကရိတ်မြို့တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေဆက်ရှိနေတယ်လို့ KNLAသတင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than(People’s Radio Myanmar)