ဇရပ်ကြီးမြို့တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ဦးထက်မနည်းသေဆုံး ပြီး လူ၅၀ကျော် ထိခိုက်ဒဏ်ရာရရှိထား

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်

ပဲခူးတိုင်း၊ ဇရပ်ကြီးမြိုနယ် အတွင်းရှိ ရပ်ကွက် ကျေးနယ် လူနေအိမ် များပေါ်သို စစ်တပ်က လေကြောင်းတိုက်ခိုက်လို အရပ်သားထိခိုက်သေဆုံးသူ ခလေးလူကြီးအပါအဝင် ၁၅ဦးထက်မနည်း သေဆုံးပြီး လူ၅၀ကျော် ထိခိုက်ဒဏ်ရာရရှိ ထားကြောင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင် ရသူများ အားကူညီကယ်ဆယ်ပေးနေသူများ ကနဦး ပြောစကား အရသိရပါတယ်။

ဇရပ်ကြီးမှာ ဒီနေ့နံနက်ပိုင်း အထိ ဗုံးကြဲမှုကြောင့် (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက်(၅၀) ခန့် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ (၃၀) ထက်မနည်းပျက်စီးခဲ့ပြီး စစ်ရှောင်အများစုမှာ ဘေးလွတ်ရာနေရာ‌တွေကိုရှောင်တိမ်းနေရကြောင်းကို စစ်ရှောင်‌ ဒေသခံများ အား နေရပ်ရွေ့ပြောင်း ပေးနေသူ တစ်ဦးက ဆိုပါတယ်။

ဖေဖော်ဝါရီ(၆)ရက်နေ့ ညမှ (၈)ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားနေပြီး ဇရပ်ကြီး နှင့် ဘေးပတ်ဝန်းကြင် ရွာတွေ ဖြစ်တဲ့ ကင်မွန်းချုံ၊ မာလာကုန်း၊ သာယာကုန်း ၊ဒိုးတန်း၊ ပုဂံကွဲ၊ မြိုစိုး၊ နှစ်တန့်ကူး၊ ချောင်းချား၊ ရှားစေးဘို၊ ရေလျံ နဲ့ ပျဥ်ဂန်း ရွာ‌တွေကို ခလရ(၇၃) က စစ်ကြောင်းထိုးပြီး တိုက်လေယာဉ်‌တွေ က နေ ဗုံးကြီးကြဲချတာ စက်သေနပ်နဲ့ ပစ်ခတ်တိုက်ခိုက် တာတွေ လုပ်ဆောင်ခဲ့ ကြောင်း သိရပါတယ် ။

လတ်တလော မှာ စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူပေါင်းတပ်များ တိုက်ပွဲပြင်းထန်သဖြင့် ဇရပ်ကြီးမြိုနဲ့ အနီးတစ်ဝိုက် တယ်လီဖုန်းဆက်သွယ်ရေးပြတ်တောက်နေသလို လမ်းပန်းဆက်သွယ်ရေး ပြတ်‌တောက်နေပြီး လူအသေအပျောက် နဲ့ ထိခိုက်ပျက်စီး မှု စာရင်းကို အတိအကျ မသိနိုင်သေး ဘူးလို့စစ်ဘေးရှောင် ဒေသခံ က ပြောပါတယ်။

“ ဇရပ်ကြီးသားတွေပဲ အသေဆုံးစာရင်းက အတိကျပြောမရသေးဘူး အများကြီးပဲ ခလေးတွေလည်းပါတယ် အဲဒါ (၈) ရက်နေ့မနက်ပိုင်းထိ သိရတဲ့စာရင်း ကျန်တဲ့ရွာတွေမှာ အထိအခိုက်အကျဆုံးသတင်းတွေမသိရသေးဘူး အဆက်အသွယ်တွေ ပြတ်နေကြတာ” ဟု စစ်ရှောင်အမျိုးသားတစ်ဦးမှ ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်‌တွေကို ကူညီပေးနေသူ အမျိုးသမီးတစ်ဦးကလည်း
“ကျွန်မတိုက စစ်ရှောင်တွေကို ကားနဲ့သွားအကြိုအပိုလုပ်ပေး၊ ကယ်ထုတ်ပေးနေတာ ခုတော့ဇရပ်ကြီးထိပဲ ဝင်လိုရသေးတယ်” လိုပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်ပြည်သူ‌တွေမှာ တောင်ငူမြို နှင့် အနီးအပါး မြိုရွာများဘက်သို တိမ်းရှောင်နေရသည့်အတွက် စားသောက်စရာနေရာထိုင်ခင်းနှင့် ကျန်းမာရေးကိစ္စများ အခက်အခဲ ကြုံနေကြရကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူများ ပြောစကား အရသိရပါတယ်။

 

သတင်း- Naw Drizzel
ဓာတ်ပုံ- CJ