စစ်ကောင်စီတပ်ကMi35 ရဟတ်ယာဥ်နဲ့ပစ်ခတ်တာကြောင့်အနင်းကျေးရွာကနေအိမ်၅လုံးပျက်စီး

ဖေဖော်ဝါရီလ ၁ရက်၊ ၂၀၂၄

 

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဇန်နဝါရီလ ၃၁ရက်နေ့ မနက်၆နာရီဝန်းကျင်အချိန်ကနေ အနင်းကျေးရွာမှာနှစ်ဖက်ထိတွေ့တိုက်ပွဲ ၅နာရီအကြာဖြစ်ပွားခဲ့ကာ စစ်တပ်က Mi35 ရဟတ်ယာဉ်နဲ့ပါလာရောက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်၅လုံး ပျက်စီးခဲ့တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။

“အိမ်ကတော့ ၅လုံးလောက်ထိသွားတယ် အိမ်တွေကတော့လေယာဉ်နဲ့ပစ်လို့လေ တိုက်ပွဲ ကတော့ မနက်၆နာရီလောက်ကတည်းကနေ ၁၂နာရီလောက်ထိပဲ အခုကတော့အခြေနေ ကိုကြည့်နေရဝာာပေါ့ ငြိမ်တာတော့ငြိမ်နေတယ် မနေ့ညနေကတော့ သေနတ်သံတွေကြား သေးတယ်တိုက်ပွဲတော့မဟုတ်လောက်ဘူး”လို့ သူကပြောပါတယ်။

အခုလိုနှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ကလက် နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်နေအိမ်၅လုံးထိခိုက် ပျက်စီးခဲ့တဲ့အပြင် အသက်၇၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်၄၅နှစ် အရွယ်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနင်းကျေးရွာနေအမျိုးသမီး တစ်ဦးကဆိုပါတယ်။

“မနေ့ကတိုက်ပွဲဖြစ်နေတာ အရမ်းကြမ်းတယ် အိမ်တွေလည်းထိတယ် လူတွေလည်းထိတယ်  အိမ်က၅လုံး လူက၂ယောက် ထိုသွားတာကလူကြီး၂ယောက်တစ်ယောက်က ခြေထောက်ထိတယ် တစ်ယောက်ကလက်လားဗိုက်လားမသိဘူးထိတယ် ယောက်ျားက အသက်၇၀အရွယ်လောက်၊မိန်းမက ၄၅နှစ်လောက်ခန့်မှန်းပေါ့”ဆိုပါတယ်။

အနင်းကျေးရွာတိုက်ပွဲဟာ သတ်မှတ်ချိန်၄၅ မိနစ်ထပ်ကျော်လွန်ကာ ၅နာရီဝန်းကျင်လောက် ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ကအင်အားများပြားတာ၊နှစ်ကရင်အမြှောက်တပ်၊ဝဲကလိအမြှောက်တပ်အပြင်ဝေဟင်ကပါ၂ကြိမ်လောက်ပစ်ကူပေးခဲ့တာကြောင့်အနင်းရဲစခန်းကိုသိမ်းပိုက်နိုင်တာမျိုးမရှိပေခဲ့မဲ့စစ်ကောင်စီတပ်က၁၀ဦးထပ်မနည်းသေဆုံးကာ၊ထိခိုက်ဒဏ်ရာရရှိတာမျိုးတွေရှိတယ်လို့ ရေဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်း မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတို့ပစ်ခတ်မှုတွေနေ့တိုင်းနီပါးထိတွေ့ပစ်ခတ်မှုတွေရှိခဲ့သလိုကျိုက်မရောမြို့နယ်အတွင်းမှာလည်းတိုက်ပွဲဖြစ်ခဲ့တာတွေရှိခဲ့တာကြောင့် ဒေသခံ ၂၀၀၀၀ဝန်းကျင်ဟာအခုချိန်ထိနေရပ်မပြန်နိုင်သေးပဲစစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)