
ဇန်နဝါရီလ ၃၀ရက်၊၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြိုအနီးနားရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့်တပ်သားသစ်ခေါ်ယူတာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၂၀ရက်နေ့လောက်ကစပြီး ဘားအံမြိုအနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ခလောက်နို၊ ဘားကပ်၊ ရသေ့ပျံနဲ့ မြိုင်ကလေးကျေးရွာဘက်တွေမှာ လူငယ်တွေကို စစ်တပ်က ဒေသခံတွေကို မဲနှိုက်ခိုင်းပြီး တစ်ရွာကို ၃၅ ယောက် ပေးရမှာဖြစ်တယ်လို့ ဘားအံမြိုဒေသခံတွေက ပြောပါတယ်။
” အခုက ဘားအံတစ်ဝိုက်မှာ ခေါ်နေတာတော့ကြားတယ်၊ တစ်ရွာကို ၃၅ ယောက်ပေးရမယ်တဲ့၊ အိမ်တိုင်းကမဲနှိက်ရမယ်လိုတော့ကြားတယ်၊ လငယ်ယောကျာ်းလေးတွေကိုခေါ်တာ၊ အသက် ၂၀ ကျော်လောက်တွေပေါ့၊” လို့ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို မဲနှိုက်ပြီးလတပ်သားသစ်ခေါ်ယူတာမှာ မဲပေါက်ပြီး စစ်တပ်ထဲမဝင်ချင်ပါက မြန်မာကျပ်ငွေ ၁၀ သိန်းပေးဆောင်ရမှာဖြစ်တယ်လို့ ခလောက်နို့ကျေးရွာသားတစ်ဦးကပြောပါတယ်။
“အခုတော့ မဲမနှိက်ရသေးဘူး၊ မဲနှိက်ရမှာတော့သိတယ်၊ သေသေချာချာရက်မသိရသေးဘူး၊ တစ်ရွာလုံးမဲနှိက်ရမှာ၊ ယောကျာ်းလေးတွေအကုန်လုံး၊ မဲပေါက်ပြီးတော့ မလိုက်ချင်ရင် ၁၀ သိန်းပေးရမယ်လိုပြောတာဘဲ၊ဘယ်လိုလာမလဲမသိသေးဘူး၊” လို ခလောက်နိုကျေးရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်နဲ့ ကြာအင်းဆပ်ကြီးမြို့ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲတွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေသလို ဘားအံမြိုအနီးတစ်ဝိုက်မှာလည်း ဗုံးပေါက်ကွဲတာတွေကို မကြာခဏကြားနေရတယ်လို ဒေသခံတွေက ဆိုပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)