ထို့ကော်ကိုးလမ်းပိုင်းမှာ  ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေအခက်ခဲကြုံနေရ

ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၂၃ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီ−ကောကရိတ်အာရှလမ်းပိုင်းနဲ့ ကော့ကရိတ်မြို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသွားပြည်အခက်အခဲကြုံတွေ့နေရတယ်လို့ ယာဉ်မောင်းတွေဆီက နေသိရပါတယ်။

ဒီဇင်လာ၁ရက်နေ့စပြီး စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ကော့ကရိတ်မြို့မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မြဝတီ−ကော့ကရိတ်ကော့ကရိတ်အာရှလမ်းကိုလမ်းပိတ်ထားခဲ့ရပြီး ထိုးကော်ကိုးလမ်းပိုင်းမှာတော့ ကားလမ်းကြမ်းတာတွေကြောင့်ကားပျက်တာနဲ့ ကားပျက်တဲ့အချိန်မှာလည်းဈေးဆိုင်တွေမရှိတာတွေစတဲ့အခက်ခဲတွေနဲ့ကြုံတွေနေရတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

“ကားပျက်တယ်ဆိုတာကတော့တောင်ကအတက်အဆင်းကြမ်းတော့ ကိုယ့်ကားအခြေ နေပေါ်မူတည်တာပေါ့ကားကောင်းရင်တော့လည်းမပျက်ဘူးကားမကောင်းရင်တော့ကားပျက်တာတွေရှိတယ်လမ်းအတက်အဆင်းမတ်လို့ယာဉ်တိုက်တာတွေကတော့ မောင်းတဲ့လူ ပေါ်ပဲမူတည်တာပေါ့အဆင်းတွေဘာတွေတော့ထိန်းပြီးဆင်းရင်မှောက်တာဘာတာမရှိပါဘူးကိုယ်တင်တဲ့ဝိတ်နဲ့လည်းဆိုင်တယ်ပစ္စည်းအများကြီးတင်ရင်လည်းမတက်တော့ဘူးတက်တဲ့ကားတွေကတော့အများကြီးပါပဲ ၆ဘီးထိတက်လို့ရတယ်ကားကြီးတွေကအရင်တုန်း က တက်တယ်၁၀ဘီး၁၂ဘီးနောက်ပိုင်းကားကြီးတွေကိုပိတ်လိုက်ပြီးလမ်းတွေပျက်လို့ လမ်းက တော့မြေကြီးလမ်းပဲကားတွေဘာတွေပျက်ရင်တော့စားဖို့တော့အခက်ခဲရှိတယ်”လို့သူကပြောပါတယ်။

ဒါ့အပြင်မြဝတီ−ထို့ကော်ကိုးလမ်းပိုင်းမှာလည်းအဖွဲ့စုံဂိတ်ပေါင်း၂၀ဝန်းကျင်လောက်ရှိကာ တစ်ဂိတ်ကို ၁၀၀၀ကျပ်ကနေ ၂၀၀၀ ကျပ်အထိပေးဆောင်ရပြီးဂိတ်ကြီးတစ်ဂိတ်မှာတော့အသွားကို ၁၅၀၀၀ကျပ်ပေးရပြီး အပြန်မှာတော့၄၀၀၀၀ကျပ်အထိပေးဆောင်ရတယ်လို့ သူကဆက်ပြောပါတယ်။

“ ဂိတ်ပေါင်းကတော့အများကြီးအဖွဲ့အစည်းဂိတ်တွေပဲအစ်ကိုတို့ကတော့ကားအသေးလေး အံစာတုံးလေးဆိုတော့၁၀၀၀၊၂၀၀၀ပေးရတဲ့ဂိတ်လည်းရှိတယ်ဂိတ်ကြီးတစ်ခုကတော့ဒီကနေမြဝတီကိုတက်သွားရင် ၁၅၀၀၀လောက်ပေးရတယ်သူကလက်မှတ်နဲ့ ပြန်ဆင်းလာရင်တော့ ၄၀၀၀၀လောက်ပေးရတယ်လက်မှတ်တော့ပေးတာပေါ့ လက်မှတ်ပေးလိုက်ရင်အဲ့ဒီလက်မှတ်နဲ့ အောက်ဂိတ်ကိုပြန်လာအပ်ရတယ်ကျန်တဲ့ဂိတ်တွေကတော့၁၀၀၀၊၂၀၀၀ပါပဲ ရှိတာကတော့ရှိတယ်ဂိတ်က၂၀၊၃၀လောက်တော့ရှိမယ်ထင်တယ်”လို့သူပြောပါတယ်။

အခုလက်ရှိအချိန်မှာလည်း ၆ဘီးကားနဲ့ ၁၂ဘီးကားတွေမှာ မြဝတီကနေ ကုန်ပစ္စည်းတွေတင်လာကာ  တောင်ခြေအရောက်မှာတော့ တွဲကားတွေနဲ့ ပြန်ချိန်ပြီး ကုန်ပစ္စည်းတွေသယ်ယူနေကြသလို ခရီးသယ်တင်ယာဉ်တွေမှာတော့ နေ့တိုင်းကားအတက်အတက်ဆင်းပြုလုပ်နေကြတယ်လို့ ကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။

ဒီဇင်ဘာလ ၁၈ရက်နေ့မှာတော့ မြဝတီ−ထို့ကော်ကိုးလမ်းပိုင်းကိုအတက်တစ်ရက်အဆင်း တစ်ရက်သတ်မှတ်လိုက်ပြီး အခုလိုမသတ်မှတ်ခင်အချိန်က ကားအတက်အဆင်းများတာ၊ ကားပျက်တာတွေကြောင့် ယာဉ်လမ်းကြောပိတ်တာတွေအပြင် ယာဉ်တိမ်းမှောက်တာတွေလည်းရှိခဲ့တယ်လို့ ထို့ကော်ကိုးလမ်းအတွင်းသွားလာနေတဲ့ ယာဉ်မောင်းတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)