
အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ ဆေးရုံလမ်းရှိ မြဝတီပြည်သူ့ဆေးရုံကြီးဝင်းမှာ
ဆေးရုံဝန်ထမ်းအကူ တစ်ဦးပစ်သတ်ခံခဲ့ ရတယ်လို့ မြဝတီမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆နာရီ၃၀ ဝန်းကျင်အချိန်မှာ မြဝတီမြို့ ပြည့်သူ့ဆေးရုံက
ဆေးရုံဝန်ထမ်းအကူ ကိုသန်းစိုး ဆေးရုံဝင်းအတွင်း သေနတ်နဲ့ ၃ချက် ပစ်သတ်ခံခဲ့ရတာကြောင့်
ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရှိပြီးသေဆုံးခဲ့တယ်လို့ အမှတ် ၄ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သေနတ်နဲ့ ပစ်ခံရတာလေ ဆေးရုံမှာ ပစ်ခံရတာက မြဝတီဆေးရုံကြီးရှေ့ကသစ်ပင်မှာ
ခုလေးတင်ဝင်ပစ်သွားလို့ ဆေးရုံအကူဝန်ထမ်းကို wave ဆိုင်ကယ်အနီရောင်နဲ့ ဘယ်ကပစ်မှန်းတော့ မသိရသေးဘူး”လို့ သူကပြောပါတယ်။
ကိုသန်းစိုးမပစ်သတ်ခံရခင် ကိုသန်းစိုးရဲ့ နာမည်ကို ဆေးရုံအနီးတဝိုက်မှာ လိုက်လံမေးမြန်းပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ ပစ်သတ်သွားတာဖြစ်ပြီး ပစ်သတ်သွားတဲ့ ဆိုင်ကယ်သမား၂ ဦးမှာလည်း မောင်းပြေးသွားတယ်လို့ ဆေးရုံဝင်းအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ဆေးရုံနားကအဒေါ်ကို နာမည်မေးပြီး တမင်ပစ်သွားတာနမည်မေးပြီးတော့သူ့ကိုပဲ ပစ်သွားတာ သူတို့အမေတွေကတော့ စုံစမ်းနေကြတယ် သူတို့သားမှာ ဘာရန်ငြိုးမှမရှိပဲ ဘာလို့ ဒီလိုလုပ်လည်းဆိုတာကို ထိတာကခေါင်းမှာ ၂ချက်လုံးဆိုတော့ ကယ်မရတော့တာ ဘေးကထိတာမရှိဘူး သူ့ကိုပဲပစ်တာပြီးတော့ ဆိုင်ကယ်မောင်းပြေးသွာတာ”လို့ သူကပြောပါတယ်။
ဒါ့အပြင်အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၀နာရီဝန်းကျင်အချိန်မှာလည်း အမှတ်၅ ရပ်ကွက် အတွင်းသေနတ်ပစ်ခတ်သံ ၆ ချက်လောက်ကြားရပြီး မြဝတီမြို့တွင်း မကြာခဏပစ်ခတ်မှုတွေဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေမှာ သတိနဲ့သွားလာနေထိုင်ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၅ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းထားတဲ့ နယ်ခြားစောင့်တပ်bgfတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူလင်မယား၂ ဦး ပစ်သတ်ခံခဲ့ရလို့သေဆုံးခဲ့သလို အောက်တိုဘာ ၂ ရက်နေ့ကလည်း ကမ္ဘောဇဘဏ် ၁ က အကြီးတန်းမန်နေဂျာ ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
ကရင်ပြည်နယ် မြဝတီမြို့အတွင်း ငွေကြေးချမ်းသာသူတွေနဲ့BGFတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတရားမဝင်စီးပွားရေးလုပ်ကိုင်သူတွေမှာ သေနတ်ကိုင်ဆောင်သွားလာတာတွေ ပိုမိုများပြားလာတယ်လို့ မျက်မြင်တွေ့ရှိသူမြဝတီမြို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)