မြ၀တီမြို့မှာ လျှပ်စစ်မီးမရတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ ဆိုလာသုံးနိုင်ရန် လက်လှမ်းမမှီဖြစ်နေ

ဧပြီလ ၂၆ ရက် ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ် မြဝတီမြို့မှာ လျှပ်စစ်မီး () နီးပါး ပြတ်တောက်နေတဲ့အတွက် မြဝတီမြို့ထဲမှာ ဆိုလာစျေးနှုန်းတွေ ဆလောက် မြင့်တက်နေကာ အခြေခံလူတန်းစားတွေအနေနဲ့ ဆိုလာမီး သုံးစွဲနိုင်ရန် လက်လှမ်းမမှီသလောက်ဖြစ်နေတယ်လို့ မြဝတီမြို့ ဒေသခံတွေ ထံမှသိရပါတယ်။

မီးသုံးစွဲနိုင်ရန် ဆိုလာပြားတပ်ဆင်တဲ့အခါမှာ အနည်းဆုံး ငွေကျပ် သိန်း ၂၀ ကနေ သိန်း ၃၀၀ အထိ ကုန်ကျတယ်လို့သိရပါတယ်။ ငွေကျပ်သိန်း ၂၀ တန် ဆိုလာပြားတပ်ဆင်ပါက နေအိမ်အတွင်း မီးထွန်းတာတွေ TV ကြည့်တာတွေနဲ့ ဖုန်းအားသွင်းတာလောက်ပဲ သုံးစွဲလို့ရပြီး ထမင်းဟင်းချက်မယ်ဆိုပါက ငွေကျပ် ၄၅ သိန်းခန့် ကုန်ကျတယ်လို့ ဆိုလာပြားတပ်ဆင်သူတွေထံမှ သိရပါတယ်။

ကိုယ်သုံးချင်တဲ့ အနေအထားပေါ်မူတည်ပြီး စျေးက ကွာသွားတာပါ မီးထွန်းတာလောက်ပဲဆို အနည်းဆုံး တပ်ဆင်ခ အပြီး သိန်း ၂၀ ကုန်မယ် အဲကွန်းပါသုံးချင်တယ်ဆိုရင်တော့ သိန်း ၁၀၀ နဲ့အထက်ရှိတယ် အဲကွန်း လုံးလောက်သုံးချင်တယ်ဆိုရင်တော့ သိန်း ၃၀၀ လောက်ကုန်မယ်လို့ ဆိုပါတယ်။

အခုလို လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဆိုလာမီး နဲ့ မီးစက်မသုံးနိုင်တဲ့ လူတွေမှာ မြဝတီမြို့ရှိ လျှပ်စစ် ရုံးကြီးရှေ့ ရွှေမင်းဝံဘုရား ကြံခင်း နဲ့ ကြခတ်တော က လျှပ်စစ်မီးပေးနေတဲ့ စုရပ်နေရာတွေမှာ ဖုန်းအားသွင်းတာ ပါဝါဘန့်အားသွင်းတာတွေအပြင် လျှပ်စစ်ပစ္စည်းမျိုးစုံအားသွင်းတာ တွေကိုပြုလုပ်နေရတယ်လို့ မြဝတီမြို့တွင်း နေထိုင်သူတဦးထံမှ သိရပါတယ်။

လျှပ်စစ်မီးပျက်တာကို အခွင့်ကောင်းယူပြီး ဆိုလာ နဲ့ မီးစက် စျေးတွေက တက်နေတာ သူတို့ရောင်းတဲ့ စျေးအတိုင်း မတတ်နိုင်တဲ့သူတွေက အားသွင်းလို့ရတဲ့ စုရပ်နေရာ () ခုမှာ အားသွားသွင်းပေါ့ အဲ့တော့ အိမ်မှာရှိတဲ့လူပိုတွေက ပါဝါဘန့်တို့ LED မီးအိမ်တို့ ဖုန်းတို့ အဲ့တာတွေကို တယောက်လောက် အားသွားသွင်း ပြီးမှ အိမ်ပြန်လာသုံးရတယ်။ ပိုက်ဆံရှိတဲ့လူတွေလို ဆိုလာလည်းမတတ်နိုင် သလို မီးစက်လည်းမတတ်နိုင်ဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ကြား  နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဃန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရပြီး ပြင်ဆင်ရန်အတွက် ပစ္စည်းမရရှိတာကြောင့် မြဝတီမြို့အပါအဝင် ကော့ကရိတ်မြို့ ကျုံဒိုးမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ဒေသခံကျေးရွာ ၃၀ ခန့်မှာ ဧပြီလ ၂၆ ရက်နေ့ ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

သတင်းမေမီမင်းညို

ဓါတ်ပုံပုံဟောင်း