မတ္တရာမြိုနယ် ရှိ ကျေးရွာ နေအိမ် များကို စစ်တပ် က မီးရှိဖျက်ဆီး သည့်အပြင် အသုံးအဆောင်များပစ္စည်းများယူဆောင်

ဖေဖော်ဝါရီလ ၁၆ရက်၊ ၂၀၂၄ ခုနှစ်

 

မန္တလေးတိုင်း၊ မတ္တရာမြိုပေါ်ရှိစစ်တပ်နှင့် ရွှေကျောင်းရွာဦပျူစောထီးတွေအပါအဝင် အင်အား တစ်ရာ့ငါးဆယ်ကျော်နဲ့  နံနက် (၃) နာရီခန့်မှာ ဝင်ရောက်လာပြီး အောက်တောင်ကိုင်းရွာ၊ဟင်္သာကုန်းရွာမ၊ ဟင်္သာကုန်းရွာသစ် နှင့် ဆောက်ချုံပေါက်ရွာအပါအဝင် ကျေးရွာ(၁၀) ရွာခန့်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ(၁၅) ရက်နေ့ နံနက်(၆) နာရီမှ နံနက်(၁၁) နာရီထိ စစ်ကောင်စီတပ်မှ မီးရှိဖျက်ဆီးခဲရာ အိမ်ခြေ (၁၀) လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

“မတ္တရာမြိုပေါ်ကစစ်သားအချို နဲ့ ပျူတွေများတယ်ဗျ ခုလာတာက အင်အား တစ်ရာ့ငါးဆယ်ကျော်လာတာ ပျူစောထီးတွေအပါဝင်ပေါ့ အိမ်ခြေ(၁၀)လုံးဝန်းကျင် မီးရှို့ခံထားရတယ် ပြည်သူ(၁၀) ယောက်ဝန်းကျင်လောက်အဖမ်းခံထားရတယ်”လို့ ပြောပါတယ်။

မတ္တရာမြိုနယ်ရှိ ၎င်းရွာတွေမှာ တိုက်ပွဲ မဖြစ်ဘဲ ဝင်ရောက်ခြင်းဖြစ်ပြီး မီးရှိခံရခြင်းမှာ ယခုအကြိမ်အပါအဝင်  (၅) ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်းသိရပါတယ်။

လတ်တလော မတ္တရာကျေးနယ် အတွင်းရှိ ဟင်္သာကုန်း၊ ဟင်္သာရွာသစ်၊ ရှင်လှတောင်ရွာ ၊ရှင်လှမြောက်ရွာ ၊ထန်းခြောက်ပင်၊ ဆောက်ခြုံပေါက် ရွာများမှာ တစ်ဆက်တည်းတည်ရှိနေကြပြီး အိမ်ခြေစုစုပေါင်း (၂၀၀၀) ကျော်ခန့်ရှိ ပြည်သူများမှာ မနေရဲကြတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက People’s Radio Myanmar ကို ပြောပါတယ်။

စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၃) ရက်နေ့ကလည်း မတ္တရာမြိုနယ်ရှိ ပိုဝကျေးရွာအပါအဝင် ရွာတချို့ကို မီးရှိဖျက်ဆီးခဲ့ပါသေးတယ်။

ယခု မီးရှိ ဖျက်ဆီးမှုများကြောင့် မတ္တရာမြိုနယ်ရှိ ရွာများတွင် စစ်ဘေးရှောင် ၈၀၀ ဝန်းကျင် ခန့် ဘေးလွတ်ရာသို တိမ်းရှောင်နေရပြီး  စစ်ကောင်စီတပ်ဟာ ငယ်တိုး ကျေးရွာရှိ ဒေသခံ နေအိမ်တွေ မှ အိမ်အသုံး အဆောင် ‌ပစ္စည်းတွေကိုဝင်ရောက်ယူဆောင်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

 

သတင်း- Naw Drizzel

ဓာတ်ပုံ- CJ

People’s Radio Myanmar