ဖားကန့်မြို့မှာ စာစစ်ဌာန တစ်ခုသာဆောင်ရွက်နိုင်တဲ့အပြင် စာမေးပွဲဖြေဆိုသူ ၇၀၄ ဦးသာရှိ

မတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ  ၂၀၂၂- ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက်  စာစစ်ဌာန တစ်ခုသာဆောင်ရွက်နိုင်ခဲ့တဲ့အပြင် စာမေးပွဲ ဖြေဆိုသူ ၇၀၄ ဦးသာ ရှိတယ်လို့သိရပါတယ်။

စာမေးဖွဲဖြေဆိုဖို့အတွက် ၇၉၇ ဦး စားရင်းရှိခဲ့ပြီး ၉၃ ဦး ပျက်ကွက်ခဲ့တာကြောင့် ဖြေဆိုသူဦးရေမှာ ၇၀၃ ဦးသာရှိခဲ့ပြီး၊ မော်ဝမ်းကြောင်းရပ်ကွက်ထဲက အထက်တန်းကျောင်းမှာ စာစစ်ဌာန တစ်ခုသာ ဖွင့်လှစ်ဖြေဆိုဖို့ ပြုလုပ်နိုင်ခဲ့တယ်လို့ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

“အရင်ကတော့ စာစစ်ဌာန ၅ ခု ရှိတယ်၊ အခုတော့ စာစစ်ဌာနက တစ်ခုပဲရှိတော့တယ်။ ပညာရေးဝန်ထမ်းအင်အားလဲ CDM လုပ်လို့ နည်းသွားပြီး စာမေးပွဲဖြေဆိုသူတွေလဲ အရင်ကထက်ဆိုရင် သိသိသာသာလျော့သွားတယ်”လို့ ပြေပါတယ်။

ဖားကန့်မြို့နယ်မှာ တာမခံ၊ ကားမိုင်း၊ ဖားကန့်၊ ဆိပ်မူ၊ လုံးခင်းမြို့တွေမှာ စာစစ်ဌာန ၅ ခုရှိပြီး အာဏာမသိမ်းခင်က ဖားကန့်မြိုမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၃၂၀၀ ကျော်ဖြေဆိုခဲ့ပြီး အာဏာသိမ်းပြီး ယခုချိန်မှာ ၇၀၀ သာဖြေဆိုတာကြောင့် လူဦးရေ သိသိသာသာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်လက်လောက်ခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ အတွက် တက္ကသိုလ်စာမေးပွဲ ဖြေဆိုဖို့ မတ်လ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ ထုတ်ပြန်ထားတာလဲ ဖြစ်ပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – Cj