ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်

ဖေဖော်ဝါရီလ (၂၄) ရက်၊ ၂၀၂၃ ခုနှစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ မဇွပ်ယန်မှာ စစ်ကောင်စီတပ်ကို  PDF ၊ KIA မှ အလစ် လာရောက်တိုက်ခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်က ဒီကနေ့မနက်  ၆ နာရီခန့်မှ ၈ နာရီခန့်အထိ ပြန်လည် ရမ်းသမ်းပစ်ခက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း မျက်မြင်တစ်ဦးထံမှ သိရပါတယ်။

“ဒီမနက် PDF၊ KIA အလစ်တိုက်ခိုက်ခံရလို့  သူတို့က ရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ။ ကလေးနှစ်ယောက်အမေ တစ်ဦးတော့ ဒဏ်ရာအပြင်းအထန် ရသွားတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မဇွပ်ယန် ဘုန်းကြီးကျောင်းဖက် ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Photo – Johns Sut Aung

“လမ်းသွားလမ်းလာတွေကိုလဲ စစ်တယ်၊ ရေး‌မဆေးသမားဆို ထိုင်ထ အခါ ၂၀ လုပ်ခိုင်းတယ်၊ ဈေးသည်တွေဆို အခါ ၃၀ လုပ်ခိုင်းပြီးလွှတ်တယ်။ မှော်ဖက်ကို စစ်သားအလုံးအရင်းနဲ့ ပိတ်ထားလို့ သွားလိုမရတော့ဘူး” လို့ ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြိူ့ မော်ဝမ်း ရက်ကွက်မှာလဲ ဖေဖော်ဝါရီလ  ၂၂ ရက်နေ့က အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ က သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း – Shiga Brang

ဓါတ်ပုံ – Johns Sut Aung