ပအိုဝ်းအမျိုသား ဖယ်ဒရယ်ကောင်စီ (PNFC)ရဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်တဲ့ ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ် (PPDF-KD)နဲ့ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (PNDF-KK)က တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
PNDF-KK နဲ့ PPDF ဟာ တပ်နယ်(၁)အဖြစ် မွန်ပြည်နယ် သထုံ၊ တပ်နယ်(၂) ကရင်ပြည်နယ် ဘားအံခရိုင်နဲ့ တပ်နယ်(၃) ရှမ်းပြည်နယ်ဆိုပြီး တပ်နယ် ၃ ခု ဖွဲ့စည်းပြီး တိုက်ပွဲ ဝင်နေတာဖြစ်ပါတယ်။
တော်လှန်ရေးမှာ ပါဝင်လိုသူတွေအနေနဲ့ PNDF-KK နဲ့ PPDF ရဲ့ Facebook စာမျက်နှာနဲ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်လာနိုင်တယ်လို့ ဆိုပါတယ်။
PPDF ဟာ KNUနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေပြီး PNDF-KKဟာ ရှမ်းတောင်-ကရင်နီ နယ်စပ်မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။
ခမ်းထီရေဒီယို ( people’s radio myanmar)